ကစားသမားတွေ ဒဏ်ရာတွေ မကြာခဏ ရနေတာကို နည်းပြတွေက ထောက်ပြလာပါတယ်။
Kyaw Ko Ko Sint

မနှစ်က ဘောလုံးရာသီမှာ ကိုဗစ်ကြောင့် ရပ်နားခဲ့ရာမှ ပြန်လည်စတင်ချိန်မှာ လူစားလဲမှုကို ၅ဦးထိ ခွင့်ပြုခဲ့ပေ မယ့် ယခုနှစ်မှာတော့ ၃ဦးသာ ပြန်လည်ခွင့်ပြုတော့တာပါ။

နောက်တစ်ကြိမ် ထပ်မံပြီးတော့ ပယ်ချခံရဖို့ နီးစပ်နေပေမယ့်လည်း လူစားလဲမှုကို ၃ဦးမှ ၅ဦးထိ တိုးမြှင့်ပေးနိုင်ဖို့ အဆိုကို ပရီးမီးယားလိဂ်မှ နည်းပြများ စုပေါင်းပြီး အဆိုတင်သွင်းသွားမယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။

မနှစ်က ဘောလုံးရာသီမှာ ကိုဗစ်ကြောင့် ရပ်နားခဲ့ရပြီးမှ ပြန်လည်စတင်ချိန်မှာ လူစားလဲမှုကို ၃ဦးမှ ၅ဦးအထိ ခွင့်ပြုခဲ့ပေမယ့် ယခုနှစ်ပြန်လည်စတင်ချိန်မှာတော့ မူလ ၃ဦးအတိုင်းသာ ဥပဒေပြန်လည် ပြောင်းခဲ့တာပါ။

ဒါ့အပြင် နည်းပြများအတွက် ပိုမို ခံပြင်းစရာက အခုလို ၅ဦးထိလဲခွင့်ပြုထားရာမှ ၃ဦးသား လဲလှယ်ခွင့်ကို ပြန်လည် လျော့ချလိုက်တာကလည်း ပရီးမီးယားလိဂ်တစ်ခုတည်းသာ ဖြစ်နေလို့ပါ။

ဒါကြောင့် အခုလို ပုံစံမျိုးသာ ဆက်သွားနေမယ်ဆိုရင် ဒဏ်ရာပြဿနာတွေကို ပိုမိုတိုးလာအောင်သာ ရှိလာစေ တော့မယ်လို့လည်း ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း နည်းပြတွေက ယုံကြည်နေကြပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်နဲ့မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ကလည်း ဒီလို ဆုံးဖြတ်ထားတာဟာ အခုလက်ရှိ ကစားသမားတွေ ကြွက်သားဒဏ်ရာတွေ မကြာခဏရနေတာရဲ့ အဓိက တာဝန်အရှိဆုံးလို့လည်းထောက်ပြ လာပါပြီ။

ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ကတော့ သူ့အနေနဲ့ ကစားသမားတွေကို ၃ဦးသာ ပြောင်းလဲခွင့်ရှိတော့တာကြောင့် မူလ စဥ်းစားထားတာတွေအားလုံးကို ပြောင်းလဲခဲ့ရတယ်လို့ ဆိုလာသလို ဗီလာနည်းပြ ဒီယန်စမစ်ကမူ ၃ဦးသာ အသုံးပြုသင့်တယ်လို့ ယုံကြည်ထားပါတယ်။

“အာဆင်နယ်နဲ့ပွဲမှာ ၈၈မိနစ်အထိ တစ်ဦးတည်းသာ လဲခဲ့ပါတယ်၊ကမ္ဘာမှာ ဘယ်အသင်းမှ အကောင်းဆုံး လူစာ ရင်းကို မပိုင်ဆိုင်ထားပါဘူး။ကစားသမားတွေကိုသာ ဘယ်လို စီမံမလဲက အရေးအကြီးဆုံးပါ။အခြား ဥရောပက အသင်းတွေကို ကိုယ်ချင်းစားပါတယ်၊အခုလုပ်ထားတဲ့ ၃ဦးလဲလှယ်ခွင့်ကိုသာ ဆက်လက် လိုက်နာသင့်တယ် လို့ ပြောချင်ပါတယ်။”လို့ စမစ်က ဆိုခဲ့ပါတယ်။

ဘောလုံးပွဲမှာ နှစ်ပေါင်းများစွာ ကတည်းက ၃ဦးသာ လူစားလဲခွင့်ကို အဆင်ပြေပြေ အသုံးပြုခဲ့ပေမယ့် ယခုလို ကိုဗစ်ကာလမှာ ၃ရက် ၁ပွဲနှုန်း ပုံမှန် ကစားနေရတာကြောင့်လည်း ကစားသမားတွေ ပွဲပန်းပြီး အခုဆိုရင် ဥရောပ ထိပ်သီးအသင်းကြီးတွေမှာ အဓိက ကစားသမားတွေ ဒဏ်ရာတွေ ရရှိကုန်လို့ ဥရောပွဲတွေ ကစားရာမှာ အင်အား လျော့နည်းခဲ့တဲ့ အခြေအနေတွေ မြင်တွေ့နေရပါပြီ။

ဒါ့အပြင် အသင်းကြီးတွေအနေနဲ့ ခြေစွမ်းတည်ငြိမ်နိုင်မှု အားနည်းလာပြီး အသင်းငယ်တွေကိုလည်း မကြာခဏ ဆိုသလို ရှုံးနိမ့်လာတာက လူစားလဲမှု ၃ဦးသာ ရနေလို့လား ဒါမှမဟုတ် ပွဲပန်းလို့လား(သို့) အသင်းကြီး အသင်း ငယ် ကွာဟချက် ကျဥ်းမြောင်းလာလို့လားဆိုတာကလည်း အဖြေတစ်ခုအဖြစ် ရှိနေမှာပါ။၊


Author


က္က