ရှက်ဖီးနဲ့ပွဲမှာ ကိုယ်တိုင် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Kyaw Ko Ko Sint

ချဲလ်ဆီးအသင်းအနေနဲ့ ရှက်ဖီးအသင်းကို ၄-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သီယာဂိုလ်ဆေးလ်ဗားက ကိုယ်တိုင် အသင်း အတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သူပါ။

ချဲလ်ဆီးနောက်ခံလူ သီယာဂိုလ်ဆေးလ်ဗားက သူ့အနေနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီးနဲ့ ပွဲအပြီးမှာ ခေါင်းကိုက် ဝေဒနာ ခံစားခဲ့ရတယ်လို့ ဖွင့်ဟပြောလာခဲ့ပါတယ်။

“နောက်ဆုံး ၂ပွဲအပြီးမှာ ကြောက်စရာကောင်းလှအောင် ခေါင်းကိုက်ဝေဒနာ ခံစားခဲ့ရပါတယ်၊အကြောင်းကတော့ မရပ်မနား ခေါင်းတိုက် ဖျက်ထုတ်နေခဲ့ရတာကြောင့် ဖြစ်ပါတယ်၊တော်တော်များများလည်း မကြာခဏဆိုသလို အမြင့်ခုန်နေခဲ့ရပါသေးတယ်။”လို့ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေချိန်မှာ ဆေးလ်ဗားက ထုတ်ဖော် ပြောလာပါတယ်။

ဆေးလ်ဗားအနေနဲ့ ချဲလ်ဆီးအသင်းကို ယခုနှစ်မှ ရောက်ရှိလာပြီး ပရီးမီးယားလိဂ်မှာ ပထမဆုံး စတင် ကစားလာ ခဲ့ခြင်း ဖြစ်ပါတယ်။

“အဓိကကတော့ ကိုဗစ်ကြောင့် ကစားသမားတွေ ဆုံးရှုံးရသလို၊ဒဏ်ရာရကစားသမားတွေလည်း ရှိလာချိန်မှာ ကျွန်တော်တို့ ပွဲတွေ ပိုပန်းရပါတယ်။ကျွန်တော်တို့က စက်တွေ မဟုတ်တော့ ဒီလို ဝေဒနာတွေ ခံစားရမှာပါ။”လို့ ဆေးလ်ဗားက ဆက်လက်ဆိုပါသေးတယ်။

လက်ရှိမှာတော့ ကလပ်အသင်းပွဲတွေအပြီး နိုင်ငံတကာပွဲတွေ ကစားဖို့ ရက်သတ္တပတ်ကို ရောက်လာလို့ ဘရာဇီး လက်ရွေးစင်အသင်းနှင့်အတူ ဗင်နီဇွဲလား၊ဥရုဂွေးအသင်းတွေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ဆက်လက် ကစားရပါ ဦးမယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က