အသင်းတာဝန်တွေကို ပြန်လည်ထမ်းဆောင်တော့မှာပါ။
Pyae Phyo Thein

အိုဇေးလ်က ဂန်းနားဆောရက်စ်အတွက် လုပ်ခလစာကို သူ စိုက်ထုတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး အဆုံးသတ်မှာတော့ နှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့ ကွင်းအတွင်းကို သူ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။


တာဝန်ကနေ ရပ်နားခြင်းခံခဲ့ရတဲ့ အာဆင်နယ်အသင်းရဲ့လာဘ်ကောင်ဂန်းနားဆောရက်စ်ဟာ အီးမရိတ်ကွင်းထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါပြိ။ ၂၇ နှစ်တိုင်တိုင် အသင်းလာဘ်ကောင်ရုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Jerry Quy ဟာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ဘဏ္ဍာရေးသားကောင်တစ်ဦးအဖြစ် ကျရောက်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဂန်းနားဆောရက်စ်ကို တာဝန်ကနေ ရပ်ဆိုင်းခဲ့တဲ့နောက် အာဆင်နယ်အသင်းလည်း ဝေဖန်မှုအများအပြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနောက်မှာ အသင်းကစားသမား အိုဇေးလ်က ဂန်းနားဆောရက်စ်အတွက် လုပ်ခလစာကို သူ စိုက်ထုတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး အဆုံးသတ်မှာတော့ နှစ်ပေါင်းများစွာကျင်လည်ခဲ့တဲ့ ကွင်းအတွင်းကို သူ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မနေ့ကပဲ ဂန်းနားဆောရက်စ်က သူ့ရဲ့တွစ်တာကတဆင့် "ဒီနေ့ အမ်းမရိတ်ကွင်းကြီးထဲကို ပြန်လာပါပြီ" လို့ ရေးသားခဲ့ကာ လက်မထောင်ထားတဲ့ အီမိုဂျီကိုလည်း ဖော်ပြခဲ့ပါတယ်။ ဒီအပေါ်မှာ အသင်းပရိသတ်တွေကလည်း ဝမ်းသာအားရနဲ့ ကြိုဆိုခဲ့ကြပြီးတော့ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြန်လည်ရေးသားမှုတွေ ရှိခဲ့ပါတယ်။ 

ဂန်းနားဆောရက်စ်ကို တာဝန်က ရပ်ဆိုင်းခဲ့စဉ်မှာ အိုဇေးလ်က "Jerry Quy အကြောင်းကို သိရလို့ ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်၊ သူက အသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၂၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ၊ သူ့ရဲ့ လုပ်ခလစာအပြည့်အဝကို ကျွန်တော်ပေးချေသွားချင်ပါတယ်၊ အာဆင်နယ် အသင်းမှာ ကျွန်တော်ရှိနေသရွေ့ သူ့အတွက် ကျွန်တော်ပေးချေသွားမှာပါ၊ ဒါကြောင့် သူချစ်မြတ်နိုးတဲ့အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်" လို့ ရေးသားပြောဆိုကာ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ 


လက်ရှိမှာ ပရီးမီးယားလိဂ်ကတော့ ပရိသတ်တွေကို ဝင်ခွင့်မပြုသေးဘဲ ၂၀၂၁ ခုနှစ်အထိကို ကွင်းပိတ်ကစားရနိုင်တယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် ဂန်းနားဆောရက်စ်အနေနဲ့ ပရိသတ်တွေကို အရင်လိုနှုတ်ဆက်တာမျိုးတွေ လုပ်နိုင်ဦးမှာမဟုတ်သေးဘဲ အိမ်ကွင်းပွဲစဉ်တွေမှာ အသင်းသားတွေနဲ့အတူသာ ရှိနေဦးမှာပဲဖြစ်ပါတယ်။ 


Author


က္က