ယူနိုက်တက်မှာတော့ ဒဏ်ရာရ ကစာသးမားတွေ များလာပါပြီ။
Kyaw Ko Ko Sint

ကစားသမားတွေ မကြာခဏဆိုသလို ဒဏ်ရာရနေတာကတော့ ယူနိုက်တက် တစ်သင်းတည်းမဟုတ်ပဲ ကိုဗစ်ကာ လမှာ ဘောလုံးပွဲတွေကို ၃ရက်တစ်ပွဲနှုန်း ကစားနေစေတဲ့ ပွဲစဥ်ဇယား ရေးဆွဲထားမှုကြောင့် ဖြစ်တယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံ လုခ်ရှောကတော့ တံကောက်ကြော ဒဏ်ရာရသွားလို့ တစ်လလောက် နားရပါတော့မယ်။

လုခ်ရှော ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ပွဲစဥ်ဇယား ရေးဆွဲထားမှုကို နည်းပြ ဆိုးလ်ရှားက အခုလို ဝေဖန် ထောက်ပြ လာပါတယ်။

“ကျွန်တော်တို့ စနေနေ့ နေ့လည် ၁၂ခွဲမှာ ကစားရတယ်၊ဒါဟာ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် ပွဲစဥ်အဖြစ် အစ္စတန် ဘူလ်အသင်းနဲ့ ကစားအပြီး ဘယ်လောက်မှ မကြာသေးပဲ ဆက်ကစားရတဲ့ အနေအထားကို မြင်စေချင်တာပါ။ ဒီ လို ကစားနေရမှတော့ ပွဲပန်းပြီးပေါ့။”လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ရှောကတော့ ပြီးခဲ့တဲ့ အဲဗာတန်အသင်းကို ၃-၁နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ ဒဏ်ရာရသွားတာ ဖြစ်ပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲစဥ်ပေါင်း ၁၀ပွဲအထိ ပါဝင်ပေးထားတဲ့ အဓိက ဘယ် နောက်ခံလူ ရှော ဒဏ်ရာရသွားတဲ့အတွက် နည်းပြ ဆိုးလ်ရှားအတွက်တော့ လူစာရင်းကို အနည်းငယ် ပြန်စဥ်း စားရပါတော့မယ်။

အင်္ဂလန် လက်ရွေးစင်အနေနဲ့ တစ်လကြာ နားရမယ့် ကာလထဲမှာ ဝက်စ်ဘရွန်း၊ဆောက်သမ်တန်၊ဝက်စ်ဟမ်းတို့နဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေအပါအဝင် အစ္စတန်ဘူလ်၊ပီအက်စ်ဂျီနဲ့လိုက်ပ်ဇစ်တို့နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဥ်တွေ ကိုပါ လွဲချော်ရပါတော့မယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က