ဆွန်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
Kyaw Ko Ko Sint

ဆွန်က သူ့အနေနဲ့ ကလပ်နဲ့ နိုင်ငံအသင်းအတွက် အမြဲတမ်း အကောင်းဆုံး ဖြစ်အောင်သာ ကြိုးစားနေပြီး ယနေ့အချိန်ထိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားစာရင်းဝင်လို့ တစ်ကြိမ်ကလေးတောင် မထင် မိဘူးလို့ အရိုးသားဆုံး ဝန်ခံခဲ့ပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာ ထိပ်တန်းခြေစွမ်းတွေ ပြသနေလို့ ကလပ်အသင်းကတောင် လစာတိုးမြှင့်ပြီး စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေရတဲ့ ဆွန်ဟောင်မင်ကတော့ သူ့အနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကစားသမားအဆင့်မှာ မပါဝင်သေးဘူးလို့ မိမိကိုယ်ကို နှိမ့်ချပြောဆိုလာပါတယ်။

ဆွန်အနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ စပါးနှင့်အတူ ပြိုင်ပွဲစုံ ၁၃ပွဲကစားပေးထားပြီး စုစုပေါင်း လိဂ် ၈ဂိုးအပါအဝင် ၁၀ ဂိုးအထိရယူထားနိုင်သူပါ။

လက်ရှိမှာတော့ အသင်းဖော် ကိန်းနှင့်လည်း နှစ်ဦးပေါင်းသွင်းဂိုး ၁၅ဂိုးအထိ ရယူထားပေးနိုင်သလို လျင်မြန်တဲ့ ပြေးနှုန်း၊တိကျတဲ့ ပေးပို့မှု၊ဖျတ်လတ်တဲ့ နေရာယူမှုတွေကြောင့် ကြောက်စရာကောင်းတဲ့ တိုက်စစ်မှူး အသွင်း အများက လက်ခံထားသူပါ။

ဒါပေမယ့်လည်း ဆွန်ကတော့ - “ ကျွန်တော်ကတော့ ဘယ်တုန်းကမျှ တစ်ကြိမ်ကလေးတောင် မိမိကိုယ်ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားစာရင်းဝင်လို့ မသတ်မှတ်ခဲ့မိပါဘူး။အရိုးသားပြောတာပါ၊ ကျွန်တော့် နိုင်ငံနဲ့ ကလပ်အသင်းအတွက် အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပြီး နှစ်သင်းအကြား ကစားရတာ လည်း အမြဲတမ်း ခံစားချက်မတူပါဘူး။မိမိကိုယ်ကို ကောင်းအောင်တည်ဆောက်ရင်း အမြဲတမ်း ပရိသတ်တွေအ တွက်လည်း အကောင်းဆုံး ကြိုးစားပေးနေပါတယ်။”လို့ တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်မီဒီယာကို ဖြေကြားခဲ့ ပါတယ်။

လောလောဆယ်တဲ့ ဆွန်ဟာ တောင်ကိုရီးယားအသင်းနှင့်အတူ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေပြီး မက္ကဆီကို၊ကာ တာအသင်းတို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ ရှိနေပါတယ်။

ကလပ်အသင်းဖြစ်တဲ့ စပါးအသင်းကတော့ မြင့်မားတဲ့ ခြေစွမ်းတွေကြောင့် အခြားဥရောပ ထိပ်သီးအသင်းအချို့ရဲ့ မျက်စိကျခြင်း ခံနေရတဲ့ ၎င်းတို့ရဲ့ ကစားသမားကို အလွတ်မခံရအောင် လက်ရှိပေးချေနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၁သိန်း၄သောင်းထက်ပိုပြီး တစ်ပတ်လုပ်ခ ပေါင်၂သိန်းထိ တိုးမြှင့်ကာ ဆက်လက် ထိန်းသိမ်းဖို့လည်း လုပ် ဆောာင်နေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က