၃ ကြိမ်မြောက်ရရှိမှုဖြစ်လာခဲ့ပါတယ်။
Pyae Phyo Thein

တောင်ကိုရီးယားကစားသမားဟာ အဆိုပါလအတွင်း ကစားခဲ့တဲ့ ၃ပွဲစလုံးမှာ အသင်းအတွက် ဂိုးသွင်းပေးခဲ့ပြီး ရွှေဖိနပ်ဆုအတွက်လည်း ထိပ်ဆုံးကနေ ဦးဆောင်နေပြီဖြစ်ပါတယ်။ 


တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ တောင်ကိုရီးယားကစားသမားဟာ အဆိုပါလအတွင်း ကစားခဲ့တဲ့ ၃ပွဲစလုံးမှာ အသင်းအတွက် ဂိုးသွင်းပေးခဲ့ပြီး ရွှေဖိနပ်ဆုအတွက်လည်း ထိပ်ဆုံးကနေ ဦးဆောင်နေပြီဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆွန်ဟောင်မင်က အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး နှစ်ဂိုးသွင်းယူခဲ့ကာ ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တိးပေးခဲ့သလို ဘန်လေနဲ့ပွဲမှာလည်း နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ဒီအတွက်ကြောင့် တလတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး သူ့အတွက်တော့ ၃ကြိမ်မြောက်ရရှိမှုဖြစ်လာခဲ့တယ်လို့ ပရီးမီးယားလိဂ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ သြဂုတ်လမှာ လူးကပ်စ်မော်ရာက ဒီဆုကိုရရှိပြီးနောက် ဆွန်က ပထမဆုံးရရှိခဲ့တဲ့ ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။ 

ဆွန်ဟောင်မင်ဟာ ဒီဆုအတွက် ဟယ်ရီကိန်း၊ ချီအဒမ်စ်၊ ကွန်နာကိုအာဒီ၊ ပါဘလိုဖော်နယ်စ်၊ ဂရီလစ်ရှ်၊ သီယာဂိုဆေးလ်ဗား၊ ကိုင်လီဝေါ်ကာတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မြေမှာ ခြေစွမ်းပြနေတဲ့ အာရှသားအတွက်တော့ ကျေနပ်စရာဆုတစ်ခုဖြစ်သလို စပါးအသင်းကလည်း လစာတိုးမြှင့်ပေးကာ စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်လို့ သတင်းကောင်းတွေ ဆက်တိုက်ကြားသိရတဲ့ ရက်သတ္တပတ်လည်း ဖြစ်လာခဲ့ပါတယ်။ 


Author


က္က