လက်ရှိနည်းပြ ကိုကူးကို ဒါဘီအသင်းက ထုတ်ပယ်လိုက်တာပါ။
Kyaw Ko Ko Sint

လက်ရှိမှာလည်း ဒါဘီအသင်းမှာကစားနေပြီး အခုလို နည်းပြကိုကူ ထုတ်ပယ်ခံရချိန် နည်းပြလုပ်ဖို့ ရွေးချယ် ခံရချိန်မှာ ရွန်နီကိုယ်တိုင်ကလည်း လက်ခံခဲ့တာပါ။

ဝိန်းရွန်နီကတော့ သူ့ရဲ့ ပထမဆုံး စီမံခန့်ခွဲမှု ခြေလှမ်းစကို လှမ်းလိုက်ပြီ ဖြစ်ပြီး ဒါဘီအသင်းရဲ့ ကြားဖြတ် နည်းပြအဖြစ် တာဝန်ယူဖို့ လက်ခံလိုက်တာပါ။

လက်ရှိမှာလည်း ကလပ်အသင်းမှာ ကစားသမားအဖြစ် ကစားနေသူ ရွန်နီဟာ လက်ရှိ နည်းပြ ကိုကူး ထုတ်ပယ်ခံ လိုက်ရတာကြောင့် လတ်တလောလစ်လပ်သွားတဲ့ နည်းပြနေရာမှာ ယာယီ နည်းပြအဖြစ် တာဝန်ယူပေးသွားမှာ လို့လည်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

ဒါကြောင့် အသက် ၃၅နှစ်အရွယ် ရွန်နီအနေနဲ့ လာမယ့် စနေနေ့မှာ ကစားမယ့် ဘရစ္စတိုးလ်အသင်းနဲ့ ပွဲစဥ်မှာ ဒါဘီအသင်းကို နည်းပြအနေနဲ့ ပွဲထွက် ပါဝင်လာတော့မှာပါ။

ဒါဘီအသင်းကတော့ လက်ရှိအချိန်မှာ ရလဒ်တွေ ဆိုးရွားနေပြီး အသင်းကို အမှတ်ပေးဇယား အောက်ခြေကနေ ဆွဲမတင်ပေးနိုင် ဖြစ်နေတဲ့ နည်းပြ ကိုကူးကို ထုတ်ပယ်ခဲ့တာပါ။

ဝိန်းရွန်နီကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တယ်ဆိုပေမယ့်လည်း လိုချင်တဲ့ အချက်အလက်တွေအရ ရွန်နီကို အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ဖို့တော့ အစီအစဥ်မရှိသေးဘူးလို့လည်း ထုတ်ပြန်ပေးထားပါတယ်။

လောလောဆယ်မှာတော့ နည်းပြ အတွေ့အကြုံသစ်ကို ရရှိမှာ ဖြစ်ပြီး ဒါဟာ ရွန်နီရဲ့ နည်းပြလောက ခြေလှမ်း အတွက် အကောင်းဆုံး စတင်ခြင်းလို့ဆိုရမှာလည်း ဖြစ်ပါတယ်။

နည်းပြ ကိုကူထွက်ခွာသွားတာနှင့်အတူ သူ့ရဲ့ လက်ထောက်နည်းပြအဖွဲ့လည်း ထွက်ခွာရတာကြောင့် ရွန်နီ အနေနဲ့ သူ့ရဲ့ လက်ထောက်နည်းပြအဖြစ် ဘယ်သူတွေကို ခေါ်ယူ လက်တွဲ လုပ်ဆောင်သွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က