အဓိက ကစားသမားတွေချည်း ဒဏ်ရာတွေ ရနေလို့ နည်းပြကလော့ပ် အခက်တွေ့နေရပါပြီ။
Kyaw Ko Ko Sint

အဓိက ကစားသမားတွေ ဒဏ်ရာရနေချိန် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်စတာနဲ့တွေ့တာဟာ လီဗာပူး အတွက် အဓိက စမ်းသပ်မှုဖြစ်လာမှာပါ။

ယခုနှစ်ဘောလုံးရာသီမှာ ပွဲကြပ်တွေများလို့ ဒဏ်ရာရ ကစားသမားတွေ များနေတဲ့ လီဗာပူးအတွက် နောက်ထပ် ဒဏ်ရာရစာရင်းတွေကလည်း တန်းစီ စောင့်ဆိုင်းနေပါတယ်။

ဗန်ဒိုက်၊ဖာဘင်ဟို၊အယ်လ်ကန်တာရာ၊ဂျိုစ်ဂိုမက်၊ဆာလာ စတဲ့ ကစားသမားတွေ ဒဏ်ရာနဲ့ကိုဗစ် အသီးသီး ရှိနေ ချိန် အသင်းခေါင်းဆောင် ဟန်ဒါဆင်ရဲ့ သတင်းကလည်း ကလော့ပ်ရင်ဝကို ဖနောင့်နဲ့ ပေါက်လိုက်သလိုပါပဲ။

ဟန်ဒါဆင်ကတော့ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ်မှာ ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပထမပိုင်းမှာကတည်းက ဟယ်ရီဝင့်ခ်နဲ့ လူစားလဲခဲ့ရပြီး အဆိုပါပွဲမှာတော့ အင်္ဂလန်က ၂-၀နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ဟန်ဒါဆင်ရဲ့ ဒဏ်ရာအပေါ်မှာတော့ နည်းပြ ဆောက်ဂိတ်က အတိအကျ မပြောနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှု ပြဿနာ ကြောင့် ဒုတိယပိုင်းမှာ မပါတော့တာလို့ အတည်ပြုသွားခဲ့ပါတယ်။

“ဂျော်ဒန်အနေနဲ့ ပေါင်ခြံဒဏ်ရာရရှိသွားလို့ ဆက်လက် ကစားနိုင်ခဲ့ခြင်း မရှိတာပါ၊ပြန်ရောက်ရင်တော့ သူ့ကို အကဲခတ်ရဦးမယ်။”လို့ ဆောက်ဂိတ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဟန်ဒါဆင်အပြင် ကလော့ပ်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုကတော့ စကော့တလန်အသင်းက ဘယ် နောက်ခံလူ အန်ဒီရော်ဘင်ဆင်လည်း ဆားဘီးယားနှင့်ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိသွားတယ် လို့ ထပ်မံ သိရတာပါ။

အခု ဒဏ်ရာရနေတာတွေက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်လို့ လာမယ့် လက်စတာအသင်းနဲ့ ကစားရ မယ့်ပွဲစဥ်မှာ ကလော့ပ် လူစာရင်းအခက်တွေ့ရပါပြီ။

လက်ရှိမှာ ဒဏ်ရာရ ဖျားနာနေတဲ့ ကစားသမားတွေကြားထဲက ဖာဘင်ဟိုကတော့ ပြန်လည်သက်သာလာလို့အ သင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ချေရှိနေပေမယ့် အခြားအဓိက ကစားသမားတွေကတော့အသင်းနဲ့ ပူးပေါင်းနိုင်ဦးမှာ မဟုတ်ပါဘူး။

လီဗာပူးကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် ၃၌ရပ်တည်နေပြီး ထိပ်ဆုံးက လက်စတာအသင်းအောက် တစ်မှတ်သာ လျော့နည်းနေလို့ ယခုတွေ့ဆုံမှုက အမှတ်ပေးဇယား အပြောင်းအလဲ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။


Author


က္က