အသက် ၂၅နှစ်အရွယ်သာ ရှိပါသေးတယ်။

ဂရီလစ်ရှ်အနေနဲ့ ဘယ်လ်ဂျီယံကို ၂-၀နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အင်္ဂလန်အတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့လို့ နည်းပြ ဆောက်ဂိတ်ကိုယ်တိုင်က ချီးမွမ်းခြင်း ခံရသူ ဖြစ်ပြီး ယခုအခါ မန်စီးတီးအသင်းက စိတ်ဝင်စားလာတာပါ။

မန်စီးတီးအသင်းကတော့ အက်စတန်ဗီလာအသင်းရဲ့အင်္ဂလန် ကွင်းလယ်လူ ဂရီလစ်ရှ်ကို အရခေါ်ယူနိုင်ဖို့ ပြင်ဆင်လာပြီလို့ Daily Star သတင်းဌာနက ဖော်ပြလာပါတယ်။



အသက် ၂၅နှစ်အရွယ် ဂရီလစ်ရှ်ကတော့ လက်ရှိမှာ နိုင်ငံနှင့်ကလပ်အသင်း နှစ်သင်းစလုံး၌ ခြေစွမ်းကောင်းမွန် စွာ ကစားနေနိုင်သူ ဖြစ်ပါတယ်။

ဗီလာအသင်းအတွက်လည်း ယခုနှစ်ရာသီမှာ ၅ဂိုးသွင်းပြီး ၆ဂိုးဖန်တီးပေးထားနိုင်သလို အင်္ဂလန်လက်ရွေးစင် အသင်းမှာလည်းပြီးခဲ့တဲ့ အိုက်ယာလန်ကို ၃-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပါပြီ။

ဒ့ါအပြင် မနေ့က ဘယ်လ်ဂျီယံကို ၂-၀နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် အကောင်းဆုံး ကစားပေး သွားနိုင်လို့ နည်းပြ ဆောက်ဂိတ်ကိုယ်တိုင်က ချီးမွမ်းခန်း ထုတ်ခြင်း ခံထားရသူပါ။

“ဒီပွဲမှာ ဂရီလစ်ရှ်ရဲ့ ကစားဟန်ကို မြင်ရတာ ကျွန်တော်တို့အတွက် တကယ့်ကို ကောင်းတဲ့ပွဲတစ်ပွဲအဖြစ် မြင် နိုင်စေခဲ့ပါတယ်၊သူ့ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံး ချီးမွမ်းနိုင်မယ့် စကားလုံး မရှာနိုင်လောက်အောင်ပါပဲ၊ကျွန် တော့်အနေနဲ့ သူ(ဂရီလစ်ရှ်)အနေနဲ့ ဒီပွဲက တကယ့်ကို ထူးခြားပြောင်းမြောက်အောင် စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ပွဲတစ် ပွဲလို့ မြင်ပါတယ်။”လို့ အင်္ဂလန် နည်းပြ ဆောက်ဂိတ်က ချီးမွမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ ဂရီလစ်ရှ်ကို စီးတီးအပြင် ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ကလည်း မျက်စိကျနေပြီး ဂရီ လစ်ရှ်ရဲ့ တန်ကြေးဟာလည်း ‌ပေါင် သန်း ၇၀အထိ မြင့်မားဖွယ်ရှိနေပါတယ်။

မန်စီးတီးကတော့ ဂရီလစ်ရှ်အပြင် မနှစ်က ဗီလာကို ပေါင် ၁၅သန်းနဲ့ ရောင်းပြီး ပေါင် ၂၅သန်းနဲ့ ပြန်ဝယ်ခွင့် စာချုပ်ပါဝင်နေတဲ့ ဘရာဇီး ကစားသမား ဒေါက်ကလက်စ်လူးဝစ်အပါအဝင် ဂရီလစ်ရှ်ကို ပေါင် သန်း၁၀၀ အထိ သုံးစွဲပြီး ဝယ်ယူဖို့ရှိနေတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က