ပရီးမီးယားလိဂ်မှာ UNနဲ့ ပထမဆုံး ပူးပေါင်း ပါဝင်လာတဲ့ အသင်းလည်းဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာလည်း UNရဲ့ ရာသီဥတု ပြောင်းလဲမှုကို ဖြေရှင်းမယ့် အစီအစဥ်မှာ ပူးပေါင်း ပါဝင်လာတဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်လာပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို နောက်ဆုံးအကြိမ် ကိုင်မြှောက်ထားနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ အဆင့် ၁နေရာကို ပြန်လည်ရယူနိုင်ခြင်းမရှိပါဘူး။



ဒါပေမယ့် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားပြိုင်ပွဲမှာ အမှတ်ပေးဇယားကို ပြန်လည်မဦးဆောင် နိုင်သေးပေမယ့် ပတ်ဝန်းကျင်ဆိုင်ရာ သဟဇာတ ဖြစ်စေမှု အခြေပြ အမှတ်ပေးဇယား အဆင့် သတ်မှတ်ချက်မှာ တော့ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့အကြောင်း BBC SPORT က ဖော်ပြလာပါတယ်။

မနှစ်က ပြုလုပ်ခဲ့တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ဝတ္တရားများပိုမိုမြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှု၊ရာသီဥတု သက်ရောက်မှုကို လျော့ချမှု၊ရာသီဥတုအခြေအနေကို ပညာပေးနိုင်မှု၊ရေရှည်တည်တံ့ပြီး တာဝန်ယူနိုင်တဲ့စားသုံး ခြင်းကို မြှင့်တင်နိုင်မှု၊ရာသီဥတုလှုပ်ရှားမှုအတွက် ထောက်ခံမှု စတဲ့ အခြေခံ အချက်တွေကို စိစစ်တဲ့ ပရီးမီးယား လိဂ်စစ်တမ်းမှာတော့ အာဆင်နယ်အသင်းဟာ ရမှတ် ၈မှတ်ရရှိပြီး ယူနိုက်တက်၊မန်စီးတီး၊စပါးအသင်းတို့နှင့်အတူ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်ထားနိုင်ပါတယ်။

လက်ရှိအချိန်မှာလည်း UNရဲ့ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းဖို့ လုပ်ဆောင်နေမှုမှာ ပူးပေါင်းပါဝင်လာပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး ပူးပေါင်း ပါဝင်လာတဲ့ အသင်းလည်းဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းဟာ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်တဲ့ အစီအစဥ်တွေမှာ ဦးဆောင်ပါဝင်လာမှာ ဖြစ်သလို အခြားသူများကိုလည်း အလားတူ လုပ်ဆောင်နိုင်ရန် တိုက်တွန်းနှိုးဆော်ဖို့ တာဝန်တွေ ရှိလာပြီ ဖြစ်ပါ တယ်။

“ကျွန်တော်တို့ ကလပ်အသင်းတစ်ခုလုံးမှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်တဲ့ အလေ့အကျင့်ကောင်း တွေကို လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်၊ဒီအတိုင်း ဆက်လက် လုပ်‌ဆောင်နိုင်ဖို့ ကြိုးစားရင်း သဟဇာတဖြစ်တဲ့ လူ့ အဖွဲ့အစည်းကောင်းတစ်ခုကို ပုံဖော်နိုင်ရန် အခြားသူတွေကိုလည်း တိုက်တွန်းနှိုးဆော်မှုတွေ ပြုလုပ်သွားမှာပါ၊”လို့ အာဆင်နယ်အသင်းရဲ့ စီမံခန့်ခွဲရေး ဒါရိုက်တာ ဟောဝဲလ်စလိုးမန်က ဆိုပါတယ်။

ဗြိတိန်ကလပ်တွေထဲမှာတော့ အာဆင်နယ်အသင်းဟာ အခုလို UNရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဘောင်နှင့် အညီ လက်တွဲတဲ့ တတိယမြောက် ကလပ်အသင်းအဖြစ် လိဂ်တူးကလပ်တွေဖြစ်တဲ့ ဖောရက်စ်ဂရင်းရိုဗာနဲ့ဟီဘာ နီရန်အသင်းတို့အပြီး ဖြစ်တည်လာပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ၂၀၁၈ခုနှစ်မှာ ပါဝါ ၆သောင်းထိန်းသိမ်းနိုင်တဲ့ ဘတ္ထရီစနစ်ကို ပထမဆုံး စတင်အ ကောင်အထည်ဖော်နိုင်တဲ့ ဗြိတိန်ကလပ်အသင်းဖြစ်လာပါတယ်။

သဘာဝပတ်ဝန်းကျင့်နဲ့ သဟဇာတ ဖြစ်စေရန်အတွက်လည်း သစ်ပင်ပေါင်း ၂၉၀၀၀ ကို လေ့ကျင့်ရေးကွင်းရှိရာ ကိုနေးဝုဒ်မှာ ၁၉၉၉ခုနှစ်က စတင်စိုက်ပျိုးထားနိုင်ပါတယ်။

လေ့ကျင့်ရေးကွင်းအတွင်းမှ ယိုစိမ့်ကျလာတဲ့ ရေတွေကို ပြန်လည်အသုံးပြုနိုင်အောင် စီစဥ်ထားပြီး ပြန်လည် အသုံးပြုနိုင်တဲ့ ရေစနစ်ကိုလည်း တည်ဆောက်ထားနိုင်ပါသေးတယ်။

ဒါကြောင့်လည်း ၁၀၀ရာခိုင်နှုန်းတိတိ အစိမ်းရောင် လျှပ်စစ်ဓာတ်အားကို ပြောင်းလဲ အသုံးပြုနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကလပ်လည်း ဖြစ်လာပါတယ်။

ဘောလုံးပွဲတစ်ပွဲစီနှင့်တွက်ချက်မယ်ဆိုရင်လည်း တစ်ခါသုံး ပလပ်စတစ်ခွက် ၂၀၀၀၀ကို လျော့ချနိုင်သလို တစ်နှစ်စာဆိုရင်လည်း ပလပ်စတစ်ဗူးခွံ၁သိန်းခွဲကို လျော့ချနိုင်ပါသေးတယ်။

စွမ်းအင်ကို လျော့ချရာရောက်တဲ့ အလိုအလျောက် LEDမီးစနစ်ကိုလည်း အီးမရိတ်ကွင်းအတွင်း တပ်ဆင်ထားတာ ကြောင့် အာဆင်နယ်အသင်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်နိုင်အောင် ထိပ်ဆုံးကနေ ဦးဆောင် လုပ် ဆောင်ပေးနိုင်နေတဲ့ ဘောလုံးအသင်းတစ်သင်းအဖြစ် မြင်တွေ့နိုင်မှာပါ။

Share

Loading Next Article...
က္က