မန်စီးတီးက ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ စီစဉ်နေေကြောင်း သိရပါတယ်။
Pyae Phyo Thein

အင်္ဂလန်ကလပ်က မက်ဆီကို စျေးကွက်ဖွင့်လှစ်တာနဲ့ ခေါ်ယူနိုင်ဖို့ကို အားထုတ်နေပြီး မက်ဆီအတွက် ကမ်းလှမ်းမှုတွေပြုလုပ်သွားလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ 


ဗြိတိန်သတင်းစာ The Sun ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ ဇန်နဝါရီလအတွင်းမှာပဲ မန်စီးတီးကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သိရပါတယ်။ အင်္ဂလန်ကလပ်က မက်ဆီကို စျေးကွက်ဖွင့်လှစ်တာနဲ့ ခေါ်ယူနိုင်ဖို့ကို အားထုတ်နေပြီး မက်ဆီအတွက် ကမ်းလှမ်းမှုတွေပြုလုပ်သွားလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ရာသီကုန်မှာ ဘာစီလိုနာကနေ သေချာပေါက်ထွက်ခွာဖို့ရှိနေပြီး အလွတ်ပြောင်းရွှေ့နိုင်မယ့် မက်ဆီကို အမြန်ဆုံးခေါ်ယူချင်နေတဲ့အတွက် ဇန်နဝါရီကာလအတွင်းမှာပဲ မန်စီးတီးက ပိုင်ဆိုင်ဖို့ ပြင်ဆင်လာခဲ့တာလို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် မက်ဆီအတွက် ဘာစီလိုနာကို ပြောင်းရွှေ့ကြေးအနည်းငယ်ပေးချေသွားမှာဖြစ်ပြီး စပိန်ကလပ်ကတော့ ပေါင်သန်း ၅၀ အလိုရှိနေတယ်လို့ သိရပါတယ်။

မက်ဆီကို ရာသီကုန်မှာ ထွက်ခွာခွင့်ပြုမယ်ဆိုရင် ဘာစီလိုနာအတွက် ငွေကြေးတပြားတချပ်မှ ရယူနိုင်မှာမဟုတ်တဲ့အပြင် သစ္စာရှိကြေးပေါင်သန်း ၃၀ ကိုလည်း ပေးချေသွားရဦးမှာဖြစ်ပါတယ်။ အခုထွက်ပေါ်လာခဲ့တဲ့ သတင်းအတိုင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် မက်ဆီအတွက် ပြောင်းရွှေ့ကြေးရရှိမယ့်အပြင် သစ္စာရှိကြေးကိုလည်း ပမာဏအနည်းငယ်လျှော့ချပေးနိုင်ဖွယ်ရာရှိလာမှာဖြစ်ပါတယ်။

ဒါဟာ ဘဏ္ဍာရေးပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုအတွက် အသက်ရှူပေါက်တစ်ခုဖြစ်လာဖို့လည်းရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မက်ဆီကို လက်လွှတ်ဆုံးရှုံးရဖို့က သေချာသလောက်ဖြစ်နေချိန်မှာ ဘာစီလိုနာဘက်က ဘဏ္ဍာရေးအခက်အခဲနဲ့ ရင်ဆိုင်နေရမှုကြောင့်လည်း မက်ဆီကို စောစောစီးစီးလက်လွှတ်ပေးနိုင်တယ်ဆိုတာကလည်း ဖြစ်လာနိုင်ချေတစ်ခုလို့ ယူဆရပါတယ်။

မန်စီးတီးနည်းပြဂွာဒီယိုလာကလည်း မက်ဆီကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေပြီး အီတီဟတ်မှာပြန်လည်လက်တွဲချင်နေပါတယ်။ မက်ဆီကလည်း ဂွာဒီယိုလာနဲ့ နောက်တစ်ကြိမ်ပူးပေါင်းဖို့ အသင့်ဖြစ်နေကာ မန်စီးတီးဘက်က ပေးချေမယ့် ခံစားခွင့်တွေကလည်း မက်မောဖွယ်ရာဖြစ်နေလို့ ပြောင်းရွှေ့ဖို့က အနီးစပ်ဆုံးအဆင့်မှာရှိနေပါတယ်။ 


Author


က္က