အာဆင်နယ်အနေနဲ့ လိဒ်ယူနိုက်တက်နဲ့ပွဲအတွက် အခြား အဓိက ကစားသမားအချို့ကို လက်လွှတ်ထားရပြီး ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ကွင်းလယ်မှာ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ အယ်နန်နီက ကိုဗစ်ဖြစ်နေပြီး ပါတေးက ဗီလာနဲ့ပွဲက ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် လိဒ်နဲ့ပွဲမှာ အာတီတာ လက်လွှတ်ထားရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုတစ်ပတ်မှာတော့ လိဒ်ယူနိုက်တက်အသင်းနဲ့ အဝေးကွင်းကစားဖို့ ရှိနေပေမယ့် အဓိက ကစားသမားအချို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ဖို့ များနေပါတယ်။

အသင်းနဲ့ အထိုင်အမြန်ကျပြီး ခြေစွမ်းကောင်းမွန်နေတဲ့ ကွင်းလယ်ကစားသမားသစ် သောမတ်ပါတေးအနေနဲ့ ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ဒဏ်ရာ နှစ်ခုအထိရရှိခဲ့ပါတယ်။ ခြေကျင်းဝတ်နဲ့ပေါင်ခြံ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ပြီး လူစားလဲခံခဲ့ရတာပါ။

ဒါပေမယ့် ကစားသမားကတော့ အဆိုပါ ဒဏ်ရာတွေကနေ ပြန်လည်သက်သာပြီး လာမယ့်ပွဲမှာ ပါဝင်နိုင်ဖို့ ယုံ ကြည်နေပေပေမယ့် ကလပ်အသင်းဖက်ကတော့ ယခုတစ်ပတ်နောက်ဆုံးရက်လောက်မှ အတိအကျ ထုတ်ပြန် ပေးဖို့ ရှိနေပါတယ်။

နောက်ထပ် လိဒ်ယူနိုက်တက်ပွဲကို သေချာပေါက် လွဲချော်ရမယ့်သူကတော့ ပါတေးနဲ့ အတွဲညီညီ ကွင်းလယ်မှာ ကစားနိုင်နေတဲ့ အီဂျစ် လက်ရွေးစင် အယ်နန်နီဖြစ်ပါတယ်။သူကတော့ အီဂျစ်နဲ့အတူ ပူးပေါင်းနေစဥ်ကိုဗစ် တွေ့ ရှိခဲ့လို့ သီးသန့်နေနေရပြီး ကိုဗစ်ပျောကတော့မှ အသင်းနဲ့ ပူးပေါင်းခွင့်ရမှာဖြစ်လို့ အခုချိန်တော့ အသင်းနဲ့ ပူး ပေါင်းနိုင်ဦးမှာ မဟုတ်ပါဘူး။

ဒါကြောင့် နည်းပြ အာတီတာအနေနဲ့ လာမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ယူနိုက်တက်ကို အဝေးကွင်းမှာ ၀-၁နဲ့ အနိုင်ယူခဲ့တဲ့ပွဲက ကွင်းလယ်အတွဲကို အသုံးပြုနိုင်မှာမဟုတ်ပဲ အခြားနည်းတစ်နည်းကို သုံးရပါတော့မယ်။

ဒါ့အပြင် နောက်ထပ် တိုက်စစ်ပိုင်းမှာလည်း ဘရာဇီး တောင်ပံ တိုက်စစ်ကစားသမား ဝီလီယံကို ထည့်သွင်းနိုင် ဖို့ကလည်း မသေချာ ဖြစ်နေပါသေးတယ်။

အကြောင်းကတော့ ဝီလီယံဟာ နိုင်ငံတကာအားကစားပြိုင်ပွဲကာလမှာ ဘရာဇီးအသင်းရဲ့ ခေါ်ယူခြင်းကို မခံခဲ့ ရတာကြောင့် ဒူဘိုင်းမှာ သွားရောက် အပန်းဖြေခဲ့တာပါ။

ဒါကြောင့် လန်ဒန်ကို ပြန်ရောက်လာပါက မဖြစ်မနေ ကိုဗစ် စစ်ဆေးခံဖို့ လိုအပ်နေပြီး ရောဂါပိုး မတွေ့ပါစေနဲ့ဆု တောင်းပေးရမှာပါ။

ဒါပေမယ့် လက်ရှိ လန်ဒန်ကို ရောက်ရှိနေချိန်မှာ သီးသန့် နေထိုင်နေစေခြင်း မရှိပဲ မကြာခင်မှာတော့ ဖျားနာခြင်း ရှိမရှိ စစ်ဆေးခံရမယ်လို့တော့ သိရပါတယ်။

အာဆင်နယ်ကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁မှာ ရှိနေပြီး ထိပ်ဆုံးက လက်စတာ ထက် ၆မှတ်သာ လျော့နည်းနေပါတယ်။


Author


က္က