အပေါ့စားလေ့ကျင့်ခန်းတချို့ ပြုလုပ်တော့မယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ကာ ရာသီကုန်ထိ အနားယူရဖွယ်ရှိမယ်လို့ ခန့်မှန်းခဲ့ရတဲ့ ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေက တော်တော်လေးကို မြန်ဆန်သက်သာလာနေဖွယ်ရှိပါတယ်။ 


လီဗာပူးလ်အသင်းရဲ့ နောက်ခံလူဗန်ဒိုက်ဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီးနောက် ပြန်လည်ကြံ့ခိုင်မှုရှိလာစေဖို့အတွက် အပေါ့စားလေ့ကျင့်ခန်းတချို့ကို စတင်လုပ်နေပြီလို့ သိရပါတယ်။ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ကာ ရာသီကုန်ထိ အနားယူရဖွယ်ရှိမယ်လို့ ခန့်မှန်းခဲ့ရတဲ့ ဗန်ဒိုက်ရဲ့ ဒဏ်ရာအခြေအနေက တော်တော်လေးကို မြန်ဆန်သက်သာလာနေဖွယ်ရှိပါတယ်။ 

အဲဗာတန်နဲ့ ကစားခဲ့တဲ့ မာဆေးဆိုက်ဒါဘီပွဲမှာ ပြိုင်ဘက်ဂိုးသမားပစ်ဖို့ဒ်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် အဆိုပါဒဏ်ရာကိုရရှိခဲ့တာဖြစ်ပါတယ်။ ဗန်ဒိုက်အနားယူခဲ့ရပြီးနောက်မှာ လီဗာပူးလ်ခံစစ်ပိုင်းအတွက် နည်းပြကလော့ပ် တော်တော်လေးခေါင်းစားခဲ့ရပြီး ကွင်းလယ်လူဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့ကို ဗဟိုခံစစ်ထိ ဆင်းကစားစေခဲ့ရပါတယ်။ 

Daily Mail ရဲ့ ဖော်ပြချက်အရ ဗန်ဒိုက်ဟာ တစ်ဦးတည်းသီးသန့် လေ့ကျင့်ခန်းတချို့ ပြုလုပ်ခဲ့တယ်လို့ သိရပြီး အပြည့်အဝကောင်းမွန်လာဖို့ကတော့ အချိန်ယူရဦးမယ်လို့ သိရပါတယ်။ ကစားသမားအနေနဲ့ အမြန်ဆုံးသက်သာလာဖို့ကို အားထုတ်နေတာဖြစ်ပြီး စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးစားလုပ်ဆောင်နေကာ အသင်းအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ 

ဗန်ဒိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် လီဗာပူးလ်ခံစစ်ကစားသမားတွေဖြစ်တဲ့ အာနိုးလ်၊ ဂိုမက်ဇ်၊ ရောဘတ်ဆန်၊ ဖာဘင်ဟိုတို့လည်း ဒဏ်ရာကိုယ်စီရရှိခဲ့ပြီး ဟန်ဒါဆန်ကလည်း အင်္ဂလန်အတွက်ကစားပေးရင်း ဒဏ်ရာထပ်မံရရှိခဲ့ပါတယ်။ ဆာလာကလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး လီဗာပူးလ်အတွက် တော်တော်လေးအကျပ်ရိုက်နေတဲ့ အခြေအနေမှာ ဗန်ဒိုက်ရဲ့ သတင်းက အားတက်စရာအဖြစ်ရှိခဲ့ပါတယ်။ 


သတ်မှတ်ကာလမတိုင်ခင် ဗန်ဒိုက်ပြန်ကစားနိုင်ဖို့က မသေချာပေမယ့် အပေါ့စားလေ့ကျင့်ခန်းတချို့ကို ပြန်လည်လုပ်ဆောင်နိုင်ပြီဆိုတာက ကစားသမားအတွက်နဲ့ အသင်းအတွက် အပေါင်းလက္ခဏာဆန်တဲ့ သတင်းတော့ဖြစ်လာခဲ့ပါပြီ။ 


Author


က္က