မနက်ဖြန်မှာ ကစားသွားကြရမှာပါ။
Pyae Phyo Thein

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာဒီဟာ ဒီရာသီမှာ လိဂ်ပွဲ ၇ ပွဲကစားအပြီး ၈ ဂိုးအထိသွင်းယူထားကာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။


ဒီတစ်ပတ်ကစားရမယ့် လီဗာပူးလ်နဲ့ လက်စတာတို့ရဲ့ပွဲစဉ်မှာ ဂျင်မီဗာဒီက ပရိသတ်တွေစိတ်ကျေနပ်အောင် ဖန်တီးသွားလိမ့်မယ်လို့ ပရီးမီးယားလိဂ်ပွဲသုံးသပ်သူတစ်ဦးဖြစ်တဲ့ ပေါလ်မာဆွန်က ပြောဆိုလိုက်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့အသင်းမှာ ဖြစ်ပျက်နေတဲ့ဒဏ်ရာပြသနာတွေက ဗာဒီအတွက် အခွင့်အရေးကောင်းဖြစ်နေတယ်လို့ မာဆွန်က ဆိုပါတယ်။ 

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗာဒီဟာ ဒီရာသီမှာ လိဂ်ပွဲ ၇ ပွဲကစားအပြီး ၈ ဂိုးအထိသွင်းယူထားကာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လီဗာပူးလ်ကတော့ ဗန်ဒိုက်၊ ဂိုမက်ဇ်၊ အာနိုးလ် နဲ့ အသင်းခေါင်းဆောင်ဟန်ဒါဆန်တို့ ပါဝင်နိုင်ခြင်းမရှိဘဲ လက်စတာကို ရင်ဆိုင်ရမှာဖြစ်ကာ တိုက်စစ်မှူးဆာလာကလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရလို့ လွဲချော်မှာဖြစ်ပြီး တိုက်စစ်၊ ခံစစ်ပိုင်းမှာ အားနည်းနေပြီဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် မာဆွန်က Daily Star ကတဆင့် "လီဗာပူးလ်နဲ့ကစားရမယ့်ပွဲမှာ ဗာဒီက ပျော်ရွှင်မှုတွေရအောင်ယူပါလိမ့်မယ်၊ သူ့ကို တားဆီးနိုင်ဖို့ဆိုတာကို ကျွန်တော်တော့မမြင်သေးဘူး၊ အခြားအသင်းတွေဆိုရင်တော့ လီဗာပူးလ်က လုပ်နိုင်ကောင်းလုပ်နိုင်ပါလိမ့်မယ်၊ အခုကတော့ ဗာဒီလည်းရှိနေပြီး လက်စတာလိုအသင်းဖြစ်နေတာကြောင့် သူတို့လုပ်နိုင်မှာမဟုတ်ပါဘူး"

"ဗာဒီက အသင်းကြီးတွေနဲ့ ကစားရတဲ့ ပွဲကြီးတွေမှာဆို ဂိုးသွင်းရတာကို နှစ်ခြိုက်သူပါ၊ ပုဂ္ဂိုလ်ရေးဘာမှမပါဘဲ ပြောမယ်ဆိုရင် လီဗာပူးလ်က ဗာဒီကို ရပ်တန့်နိုင်လိမ့်မယ်လို့ ကျွန်တော့်ကတော့မထင်ဘူး၊ ဒါကြောင့် သူ ဂိုးမသွင်းနိုင်အောင် တားဆီးဖို့တော့ လိုနေပါပြီ၊ အန်ဖီးလ်မှာ လီဗာပူးလ်က မရှုံးနိမ့်သေးတာကိုတော့ သတိထားရမှာပါ၊ ဒီမှတ်တမ်းကမယုံကြည်နိုင်စရာပါပဲ၊ ဒါကြောင့် သရေကျရင်တောင်မှ လက်စတာအတွက်က ရလဒ်ကောင်းလို့ဆိုရပါမယ်"

"လီဗာပူးလ်ရဲ့ ဒဏ်ရာရကစားသမားတွေအားလုံး ပါဝင်ကစားနို်င်ခဲ့ရင်တောင်မှ လက်စတာက သရေတော့ကစားနိုင်မယ်ထင်ပါတယ်" လို့ မာဆွန်က ပြောသွားခဲ့ပါတယ်။ လက်စတာကတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး လီဗာပူးလ်နဲ့ တစ်မှတ်သာကွာဟနေကာ ဒီပွဲက ဇယားထိပ်ပိုင်းအပြောင်းအလဲကိုပါ ဖြစ်လာစေနိုင်ပါတယ်။ 


Author


က္က