စီဘယ်လော့စ်အတွက်ကတော့ ပထမဆုံးအကြိမ် ရန်ဖြစ်တာ မဟုတ်ပါဘူး။

လုဇ်နဲ့စီဘယ်လော့စ်တို့ လေ့ကျင့်ရေးကွင်းအတွင်း သွေးထွက်သံယို ရန်ပွဲဖြစ်စေခဲ့မှုကို လူသိရှင်ကြား ဖြစ်စေခဲ့သူ အတွက် နောက်ဆက်တွဲ အကျိုးဆက်ကတော့ မတွေးဝံ့စရာပါပဲ။

အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဥ်မှာ နောက်ခံလူ ဒေးဗစ်လုဇ်နဲ့ကွင်းလယ်လူ စီဘယ်လော့စ်တို့ စကားများရန်ဖြစ်ခဲ့ကြတဲ့ ဖြစ်စဥ်ဟာ တစ်ကမ္ဘာလုံး သိရှိသွားကြပါပြီ။



လုဇ်နဲ့စီဘယ်လော့စ်တို့ ကတောက်ကဆဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ချိန်မှာ လုဇ်ကြောင့် စီဘယ်လော့စ် သွေးထွက် သံယို ဖြစ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်စဥ်ဟာ လေ့ကျင့်ရေးကွင်းထဲမှာသာ ဖြစ်လို့ အခြားအပြင် မီဒီယာလည်း မရှိတာကြောင့် ဖြစ်စဥ်ကို အပြင် ပေါက်ကြားစေခဲ့သူဟာ နောက်ဆက်တွဲ အကျိုးဆက်ကို ခံစားရမယ်လို့ နည်းပြ အာတီတာက ထုတ်ဖော်ပြောလာ ပါတယ်။

ရန်ဖြစ်တာဟာ ဘာမှမဟုတ်တဲ့ ပြဿနာတစ်ခုဖြစ်ပေမယ့် ဒီကိစ္စကို အပြင် ပေါက်ကြားစေခဲ့တာသာ ပြဿနာ ဖြစ်တယ်လို့ နည်းပြ အာတီတာက ထောက်ပြပါတယ်။

“ဒီပြဿနာကြီး ဖြစ်တာ ထွက်ပေါ်လာတာကို ကျွန်တော် လုံးဝမကြိုက်နှစ်သက်ပါဘူး၊ဒီသတင်း ဘယ်က ဘယ်လို ထွက်သလဲဆိုတာကို ရှာပါမယ်၊တစ်ဦးချင်းစီအပေါ် ကျွန်တော်မျှော်လင့်ထားတာနဲ့ လုံးဝဆန့်ကျင်နေမယ်လို့ ထင် ပါတယ်၊ကျွန်တော်တို့ဟာ သီးသန့် ဖြစ်တည်မှု၊လျှို့ဝှက်မှုတွေ လိုအပ်ပါတယ်၊အဲ့နောက်မှာတော့  အကျိုးဆက် တွေကို ခံစားကြရပါလိမ့်မယ်။”လို့ အာတီတာက ဆိုပါတယ်။

ကြာသပတေးနေ့က ဖြစ်ပျက်ခဲ့တဲ့ အဆိုပါ ရန်ပွဲနှင့်ပတ်သက်ပြီး အာဆင်နယ်အသင်းထံ ဒုတိယရာသီအငှားနဲ့ စီဘယ်လော့စ်ကို ပေးထားတဲ့ ရီးရဲအသင်းက ဖြစ်စဥ်နဲ့ပတ်သက်ပြီး သတင်းအတုအယောင်တွေသာ ဖြစ်တယ်လို့ ငြင်းဆန်ခဲ့ပါသေးတယ်။

အခုလို ရန်ပွဲကတော့ စီဘယ်လော့စ်အတွက် ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး၊စက်တင်ဘာ ၁၂ရက်တုန်းကလဲ ဖူဟမ်နဲ့ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းမှာ စကားများ ရန်ဖြစ်ခဲ့ဖူးပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က