လင်ဒီလော့ဖ်ကတော့ ယခုနှစ်မှာ ယူနိုက်တက်အတွက် လိဂ် ၆ပွဲထိ ပါဝင်ပေးထားသူပါ။

ယနေ့ညမှာ ကစားမယ့် ဝက်စ်ဘရွန်းနဲ့ပွဲအတွက် နည်းပြ ဆိုးလ်ရှားမှာ နောက်တန်း ပြဿနာအနည်းငယ်ရှိနေပြီး အချိန်မီ ပြင်ဆင်နိုင်ဖို့ လိုအပ်နေပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာ အသင်းအတွက် အဓိက ပါဝင်ကစားနေရတဲ့ ဆွီဒင် နောက်ခံလူ လင်ဒီလော့ဖ်အနေနဲ့ ကျောဒဏ်ရာကို ခွဲစိတ်ကုသရဖို့အထိ မဖြစ်စေဖို့ ဆိုးလ်ရှား ဆုတောင်းရပါတော့မယ်။



လော့ဖ်ကတော့ ယခုနှစ် ပရီးမီးယားလိဂ် ၇ပွဲမှာ ၆ပွဲအထိ ပါဝင်ထားသူ ဖြစ်ပြီး လာမယ့် ဝက်စ်ဘရွန်းနဲ့ပွဲကို ပါဝင် ကစားဖို့အတွက်ကိုတော့ ကြံ့ခိုင်မှု စစ်ဆေးဖို့ လိုအပ်နေပါတယ်။

“သူ့ကျောက သိပ်အကောင်းကြီး မဖြစ်နေလို့ ကျွန်တော်တို့ ပွဲမတိုင်ခင်မှာ စစ်ဆေးဖို့တော့ လိုပါတယ်။မနှစ်က လည်း အလားတူ ဒဏ်ရာမျိုး ရရှိခဲ့ဖူးပါတယ်၊ဒါကြောင့် အခုလို ပွဲကြပ်တွေ ဆက်တိုက် ကစားရပြီဆိုရင် ဘာလုပ် ရမလဲဆိုတာ ကျွန်တော်သိလိုက်ပါပြီ။အခုထက်ပိုပြီး ရက်အနည်းငယ် နားရက်ပိုရမယ်ဆိုရင် အခြေအနေတွေ အားလုံး ကောင်းနေနိုင်ပါမယ်။”လို့ ဆိုးလ်ရှားက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

လင်ဒီလော့ဖ်အနေနဲ့ ဆွီဒင်လက်ရွေးစင်အသင်းအတွက် ယခု နိုင်ငံတကာ ပြိုင်ပွဲကာလမှာ ၂ပွဲပါဝင်ကစားပေးခဲ့ပါ တယ်။ ခရိုအေးရှားနဲ့ပွဲမှာ အဆင်ပြေခဲ့ပေမယ့် ပြင်သစ်ကို ၄-၂နဲ့ ရှုံးတဲ့ပွဲမှာတော့ ၆၆မိနစ်မှာ ဒဏ်ရာရသွားလို့ လူစားလဲခြင်း ခံခဲ့ရပါတယ်။

“ပထမပွဲမှာသူ အေးအေးဆေးဆေးပါပဲ၊ဒါပေမယ့် ဒုတိယပွဲဖြစ်တဲ့ ပြင်သစ်နဲ့ပွဲမှာတော့ မနှစ်ကလို အလားတူ ဖြစ်ရပ်မျိုး ပေါ်လာခဲ့ပြီး ပြိုင်ပွဲတွေကလည်း အရမ်းကို ပြင်းပြင်းထန်ထန် နီးနီးကပ်ကပ်ရောက်လာနေပါပြီ။” လို့ ဆိုးလ်ရှားက ဆက်လက်ပြောပါတယ်။

ယနေ့ညမှာကစားရမယ့် ဝက်စ်ဘရွန်းနဲ့ပွဲကတော့ ယူနိုက်တက်အတွက် ခရစ္စမတ်မတိုင်မီ ၁၀ပွဲမြောက် ပွဲလည်း ဖြစ်ပြီး လင်ဒီလော့ဖ် အပါအဝင် တစ်သင်းလုံးကို စမ်းသပ်မယ့်ပွဲလည်း ဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားအတွက်တော့ လင်ဒီလော့ဖ်ပြဿနာတစ်ခုတည်းမဟုတ်ပဲ အခြားသော နောက်တန်း ပြဿနာ တွေလည်း ရင်ဆိုင်နေရပါတယ်။

အဲ့ဒါကတော့ တံကောက်ကြော ဒဏ်ရာရထားတဲ့ ဘယ်နောက်ခံလူ လုခ်ရှောနေရာမှာ အစားထိုး ကစားစေမယ့် ကစားသမားကို ရွေးချယ်ရဦးမှာပါ။

အဆိုပါ နေရာအတွက်ကိုမူ အဲလက်စ်တဲလ်လက်စ်နဲ့ဘရန်ဒန်ဝီလီယံတို့ နှစ်ဦးရှိနေပြီး ဘယ်သူ့ကို ပွဲထုတ်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။



က္က