၂-၀ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

စပါးအသင်းရဲ့ နိုင်ပွဲနှင့်အတူ ဆွန်ဟောင်မင်ရဲ့ နောက်ထပ် သွင်းဂိုးနဲ့ ကိန်းရဲ့ နောက်ထပ် ဖန်တီးပေးပို့မှုကို မြင်တွေ့ခဲ့ရပါတယ်။

စပါးအသင်းဟာ အိမ်ကွင်းမှာ မန်စီးတီးကို ဆွန်ဟောင်မင်၊လိုဆယ်ဆိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး အမှတ်ပေး ဇယားကို ဦးဆောင်လိုက်ပါတယ်။



ပွဲအစ ၅မိနစ်မှာပဲ စပါးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ အာရှသား တိုက်စစ်မှူး ဆွန်ဟောင်မင်က သွင်းယူ ပေးခဲ့တာပါ။

ဒီဂိုးက ဆွန်‌ဟောင်မင်အတွက် ဒီရာသီ ပရီးမီးယားလိဂ် ၉ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး လက်ရှိအချိန်မှာလည်း ထိပ် တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေစေပါတယ်။

၂၇မိနစ်မှာတော့ မန်စီးတီးအသင်း ချေပဂိုး ပြန်ရခဲ့ပေမယ့် နောက်ခံလူ လာပေါ်တေရဲ့ သွင်းဂိုးကို ကွင်းလယ်ဒိုင်က ဗီဒီယို ပြန်ကြည့်ပြီး ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ စပါးအသင်း ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံ ရခဲ့ပြီး ဒီဂိုးကိုတော့ တိုက်စစ်မှူး လိုဆယ်ဆို က ကိန်းရဲ့ ဖန်တီးပေးမှုကတဆင့် သွင်းယူခဲ့တာပါ။

ဒီပွဲမှာ ဂိုးဖန်တီးပေးလိုက်တဲ့ ကိန်းဟာ ဒီရာသီ စပါးအတွက် စုစုပေါင်း ပြိုင်ပွဲစုံ ၁၅ပွဲမှာ ၁၃ဂိုးသွင်း ၁၁ဂိုးထိ ဖန်တီး ပေးထားနိုင်ပြီ ဖြစ်ပါတယ်။

စပါးအသင်းအနေနဲ့လည်း ဒီနေ့ပွဲမှာ မန်စီးတီးကို အနိုင်ရလိုက်လို့ အသင်းရဲ့ သမိုင်းတစ်လျှောက်မှာ ထိပ်တိုက် တွေ့ဆုံမှု တူညီသွားပြီ ဖြစ်ပါတယ်။

နှစ်သင်းကြား စုစုပေါင်း တွေ့ဆုံမှု ၁၆၂ကြိမ်မှာ မန်စီးတီးက ၆၃ပွဲနိုင်၊စပါးကလည်း ၆၃ပွဲနိုင်ပြီး ၃၆ကြိမ် သရေ ကျထားပါပြီ။

လက်ရှိအချိန်မှာတော့ စပါးအသင်းက ပရီးမီးယားလိဂ်ကို ဦးဆောင်ထားနိုင်တယ်ဆိုပေမယ့် မနက်ဖြန်မှာ လက်စတာက လီဗာပူးနဲ့ ကစားရဖို့ ရှိနေပါသေးတယ်။

လက်စတာက လီဗာပူးကို အနိုင်ရခဲ့ပါက အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်မှာ ဖြစ်ပေမယ့် လက်ရှိ ချန်ပီယံ လီဗာပူးကို လက်စတာအသင်း နိုင်ဖို့ကတော့ အတော်လေး ရုန်းကန်ရမယ့် အနေအထားမှာ ရှိနေပါတယ်။

Share

Loading Next Article...
က္က