ဒီရာသီမှာ ၉ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။

မန်စီးတီးကို စပါးက ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီးနောက် တောင်ကိုရီးယားကြယ်ပွင့်ဆွန်ဟောင်မင်ရဲ့ ဒီရာသီပရီးမီးယားလိဂ်သွင်းဂိုးဟာ ၉ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပွဲကစားချိန်အစောပိုင်းမှာပဲ အန်ဒွန်ဘီလီရဲ့ ဖန်တီးပေးမှုကနေ ဆွန်ဟောင်မင်က ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးကို စောစောစီးစီးဦးဆောင်နိုင်ခဲ့ပါတယ်။



ရာသီစတင်ကတည်းက စပါးအတွက် တောက်လျှောက်ခြေစွမ်းပြနေခဲ့တဲ့ ဆွန်ဟောင်မင်ဟာ မော်ရင်ဟိုလက်ထက်မှာ ပိုမိုတိုးတက်လာခဲ့ပြီး ဟယ်ရီကိန်းနဲ့ အတွဲအဖက်မိမိကစားပေးနေတာလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဒီရာသီပရီးမီးယားလိဂ်သွင်းဂိုးရရှိထားမှုဟာ အာဆင်နယ်အသင်းတစ်သင်းလုံးရရှိထားတဲ့ ဂိုးအရေအတွက်နဲ့ တူညီသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ 

ပြိုင်ပွဲစုံသွင်းဂိုးအနေနဲ့ ဆွန်ဟောင်မင်ဟာ ၁၁ ဂိုးအထိရရှိထားခဲ့ပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ တောင်ကိုရီးယားကြယ်ပွင့်ဟာ သူ့ရဲ့ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားပြီး မန်စီးတီးကိုအနိုင်ယူနိုင်အောင် ကူညီပေးခဲ့ကာ အသင်းကိုအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်စေခဲ့ပါတယ်။ 

မန်စီးတီးကတော့ ဒီရာသီမှာ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ထားပြီးတဲ့ ၃ပွဲစလုံး အနိုင်ရရှိထားခြင်းမရှိတာကို တွေ့မြင်ခဲ့ရပါတယ်။ အာဆင်နယ်၊ လီဗာပူးလ်တို့ကို သရေသာကစားနိုင်ခဲ့ပြီး စပါးကိုအရေးနိမ့်ခဲ့ကာ ဂွာဒီယိုလာအတွက်တော့ ဖိအားတွေရှိနေပြီဖြစ်ပြီး မဟာပြိုင်ဘက်ကြီးဖြစ်တဲ့ မော်ရင်ဟိုရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာကလည်း ပိုမိုမခံချင်စရာဖြစ်ခဲ့ရပါတယ်။ 

ဒီပွဲမတိုင်ခင်မှာ စတာလင်က အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်ပြီး မန်စီးတီးနဲ့ ပြန််လည်ပူးပေါင်းခဲ့မှုအပေါ် ဂွာဒိယိုလာ နဲ့ မော်ရင်ဟိုတို့ကြား အပြန်အလှန်စကားတိုက်ပွဲတွေလည်းဖြစ်ပွားခဲ့ပါသေးတယ်။ သူတို့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ စတာလင်ကို ဒဏ်ရာမရရှိဘဲ အတင်းအကျပ်ပြန်လည်ခေါ်ယူခဲ့တယ်လို့ မော်ရင်ဟိုက ပြောဆိုခဲ့တာဖြစ်ပြီး ဂွာဒီယိုလာက မော်ရင်ဟိုကို ဆရာဝန်တစ်ဦးဖြစ်နိုင်တယ်လို့ ပြန်လည်ခနဲ့ခဲ့ပါတယ်။

Share

Loading Next Article...
က္က