မနေ့ညက ပွဲမှာ စပါးက ၂-၀နဲ့ မန်စီးတီးကို အနိုင်ရခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ စပါးအသင်းကို ၂-၀နဲ့ အရေးနိမ့်ခဲ့တာကြောင့် တစ်ပွဲလျော့ကစားပြီး ရမှတ် ၁၂မှတ်နဲ့ အဆင့် ၁၁မှာ ရှိနေကာ စပါးနဲ့ ၈မှတ်အထိ ကွာဟနေပါတယ်။

မနေ့ညက ယှဥ်ပြိုင်ကစားခဲ့တဲ့ စပါးနဲ့မန်စီးတီးအသင်းတို့ရဲ့ ပွဲစဥ်မှာ စပါးအသင်းက ၂-၀နဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေး ဇယားကို ဦးဆောင်နေပါတယ်။



စပါးကို ရှုံးနိမ့်လိုက်တဲ့ မန်စီးတီး နည်းပြ ဂွါဒီယိုလာကတော့ စပါးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဖက်တစ်သင်း ဖြစ်လာပြီလို့ ဆိုခဲ့ပြီး ယခုနှစ် ဘောလုံးရာသီဟာ သူအင်္ဂလန်ကို ရောက်ချိန်ကစပြီး အပြင်းထန် ဆုံး နှစ်တစ်နှစ်လို့လည်း သုံးသပ်ခဲ့ပါတယ်။

မန်စီးတီးကတော့ စပါးကို ရှုံးလိုက်လို့ အဆင့် ၁၁မှာ ရပ်တည်နေရပြီး တစ်ပွဲလျော့ ကစားကာ ထိပ်ဆုံးက စပါးနှင့် ၈ မှတ်ထိကွာနေပါတယ်။

ဒါ့အပြင် ၈ပွဲကစားပြီးချိန်မှာလည်း သွင်းဂိုးက ၁၀ဂိုးသာ ရရှိထားပြီး ဒါဟာ ၂၀၀၆-၀၇နောက်ပိုင်း မန်စီးတီးအ တွက် အဆိုးရွားဆုံး စတင်မှုလည်း ဖြစ်နေပါတယ်။

“အခုယှဥ်ပြိုင်နေကြတာ ထိပ်တန်းလိဂ်ဖြစ်လို့ အခြားပြိုင်ပွဲတွေထက်ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်ပါတယ်။အခုချိန်မှာ စပါးနဲ့ ၈မှတ်ထိပြတ်နေလို့ အတော်လေး လိုက်ရပါမယ်။နိုင်ပွဲရဖို့ ပြန်စရပါမယ်၊ဒီလိုမှ မဟုတ်ရင် မဖြစ်နိုင်ပါဘူး။ သေချာတာကတော့ စပါးဟာ ချန်ပီယံဆုအတွက် ပြိုင်ဖက် စာရင်းဝင်ဖြစ်လာပါပြီ၊နောက်ပြီး အခုပြိုင်ပွဲကလည်း ကျွန်‌တော် အင်္ဂလန်ကို ရောက်ချိန်ကစပြီး ဒီနေ့အချိန်အထိမှာ အပြင်းထန်ဆုံး ပြိုင်ပွဲတစ်ခုလည်း ဖြစ်လာတော့ မှာပါ။”လို့ ဂွါဒီယိုလာက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ ၂၀၁၆ခုနှစ်မှာ မန်စီးတီးကို ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလား ၂ကြိမ် ဆွတ်ခူးနိုင် အောင်စွမ်းဆောင်ပေးထားနိုင်ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးရဲ့ ၈ပွဲကစားအပြီး ၁၂မှတ်ဆိုတာကတော့ ပရီးမီးယားလိဂ်မှာ ၂၀၀၈-၀၉ဘောလုံးရာသီ မှာ ၁၀မှတ် အပြီး အနိမ့်ဆုံး ရမှတ် ဖြစ်နေပါတယ်။

Share

Loading Next Article...
က္က