မော်ရင်ဟိုကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်လိုဘူးလို့လည်း ဆိုထားပါတယ်။
Kyaw Ko Ko Sint

မော်ရင်ဟိုရဲ့ စပါးကတော့ မန်စီးတီးကို ဆွန်ဟောင်မင်၊လိုဆယ်ဆိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေး ဇယားကို ဦးဆောင်ထားနိုင်ပါပြီ။

ညက မန်စီးတီးကို ၂-၀နဲ့ နိုင်လိုက်လို့စပါးအသင်း ပရီးမီးယားလိဂ်ကို ဦးဆောင်ခွင့်ရခဲ့ပေမယ့် အဆိုပါ နိုင်ပွဲ အတွက် အဓိက ကစားသမားတစ်ဦးကိုတော့ မော်ရင်ဟို ပေးဆပ်လိုက်ရပါတယ်။

ပွဲချိန် ၈၁မိနစ်မှာ အသင်းရဲ့ အဓိက နောက်ခံလူ အန်ဒါဝီရယ် ပေါင်ခြံ ဒဏ်ရာရသွားပြီး ဒါဟာ အောင်ပွဲနေ့ရဲ့တစ်ခု တည်း‌သော စိတ်ပျက်စရာလည်း ဖြစ်ခဲ့ပါတယ်။

အန်ဒါဝီရယ်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီးတော့လည်း နည်းပြ မော်ရင်ဟို ကိုယ်တိုင်က အချိန်တစ်ခုတော့ အနားယူရ နိုင်တယ်လို့ အတည်ပြုထားပါတယ်။

“ဆိုးရွားတဲ့ ကြွက်သားဒဏ်ရာပါပဲ၊ပုံစံအနေအထားကတော့ သေချာမသိပါဘူး၊စောင့်ကြည့်ရပါဦးမယ်။သေချာတာ ကတော့ ကျွန်တော်တို့အတွက် တကယ်ကို ခက်ခဲစေပါတယ်။”လို့ မော်ရင်ဟိုက ဆိုပါတယ်။

ကာလရှည် နားရနိုင်လား ဆိုတဲ့အပေါ်မှာလည်း မော်ရင်ဟိုက -“အဲ့လိုလည်း ပြောရနိုင်ကောင်း နိုင်ပါလိမ့်မယ်”လို့ ဆိုပါသေးတယ်။

အန်ဒါဝီရယ် မကစားနိုင်ဘူးဆိုရင်တော့ သူ့နေရာမှာ ဆွမ်ဆီးကနေ အပြောင်းအရွှေ့ နောက်ဆုံးရက်က ခေါ်ထား တဲ့ ရိုဒွန်နဲ့ နောက်ထပ် အန်ဒါဝီရယ်နဲ့ ကစားပုံတူတဲ့ အဲရစ်ဒိုင်ယာတို့ ရှိနေပါတယ်။

အခုလို ကစားသမား ဒဏ်ရာရရှိတာဟာ ပင်ပန်းနွမ်းနယ်မှုကနေ အစပြုလာတာလို့လည်း မော်ရင်ဟိုက သုံးသပ် ပြောပါသေးတယ်။

“ ဘယ်သူ့ကိုမှ အပြစ်မပြောချင်ပါဘူး၊ဝီရယ်အနေနဲ့ နိုင်ငံအသင်းဖြစ်တဲ့ ဘယ်လ်ဂျီယံအတွက်လည်း နောက်ဆုံး အဆင့်ကို ရောက်ဖို့ အစွမ်းကုန် ကစားပေးခဲ့ရပါတယ်၊ကျွန်တော်တို့အတွက်လည်း အကောင်းဆုံး ကစားပေးခဲ့ တယ်။ကျွန်တော်တို့ကလည်း သူ့ကို အနားပေးဖို့ထက် ကစားစေဖို့ ဆုံးဖြတ်ခဲ့မိတယ်၊ဘယ်သူ့မှ အပြစ်ပြောခြင်း မဟုတ်ပါ၊အခုချိန်မှာတော့ တတ်နိုင်သမျှ မြန်မြန် ပြန်ပြီး ကြံ့ခိုင်လာဖို့ပဲ မျှော်လင့်ရတော့မှာပါ။”လို့ မော်ရင်ဟိုက ဆိုခဲ့ပါသေးတယ်။

စပါးအသင်းကတော့ မန်စီးတီးကို ၂-၀နဲ့ နိုင်လိုက်လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပြီး ယနေ့ညမှာ လက်စတာက လီဗာပူးနဲ့ တွေ့ဆုံနေကာ အနိုင်မရပါက ယခုတစ်ပတ် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့်ရသွားမှာပါ။


Author


က္က