လူတစ်ယောက်အထုတ်ခံခဲ့ရပြီး ကံကောင်းလို့အရေးမနိ့မ်ခဲ့တာပါ။
Pyae Phyo Thein

အာတီတာအတွက် ဆိုးရွားတဲ့ နောက်ထပ်သရေပွဲပါပဲ၊ ယူနို်က်တက်ကို ကြားထဲမှာ အနိုင်ရခဲ့ပေမယ့် ဗီလာကို ဂိုးပြတ်အရေးနိမ့်ခဲ့သလို အခုလည်း လိဒ်ကိုဂိုးမသွင်းနို်င်ခဲ့ဘဲ သရေကျခဲ့ပြန်ပါတယ်။ ပွဲချိန် ၅၂ မိနစ်မှာ ပီပီ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး မိနစ် ၃ဝကျော်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး မရှုံးခဲ့တာ ကံကောင်းတယ်လို့တောင်ဆိုရပါမယ်။

ဂိုးပေါက်ကတော့ ဆက်ပျောက်နေဆဲဖြစ်ပြီး အော်ဘာမီယန်လည်း ကျိန်စာသင့်နေသလိုပါပဲ။ လိဒ်ကတောင်မှ ဂိုးပေါက်တည့်မှု၊ ဂိုးကန်သွင်းချက်တွေ ပိုများခဲ့ပြီး ဆယ့်တစ်ယောက်ချင်းကစားခဲ့မယ်ဆိုရင်လည်း လိဒ်က အနည်းငယ်အသာရမယ့် အနေအထားမှာရှိနေတာဖြစ်လို့ အာတီတာပြင်ဆင်ရမယ့် အပိုင်းတွေက အများကြီးရှိနေတယ်ဆိုတာ သိသာခဲ့ပါတယ်။ 

ပါတေးရောက်လာပြီးနောက် အာဆင်နယ်ကို ပရိသတ်တွေက ပိုမိုကောင်းမွန်တဲ့ အသင်းအဖြစ် မြင်တွေ့ချင်လာခဲ့ပေမယ့် တည်ငြိမ်တဲ့ ကစားဟန်နဲ့ ခြေစွမ်းမရှိဘဲ တိုက်စစ်ပိုင်းတော်တော်အားနည်းနေတာက အာဆင်နယ်ရဲ့ ပြသနာတွေဖြစ်နေပါတယ်။ လိဒ်ကတော့ သူတို့ထုံးစံအတိုင်း လျင်မြန်တဲ့ကစားဟန်နဲ့ တိုက်စစ်ကို တိုက်ရိုက်သွားတဲ့ ပုံစံမှာ အာဆင်နယ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ 

အသင်းကြိးတွေနဲ့ တွေ့တိုင်း ပုံစံကောင်းပြပြီး အခက်တွေ့အောင် ဖန်တီးလေ့ရှိတဲ့ အလေ့အထကို ဘီယဲလ်ဆာက အပျက်တော့မခံခဲ့ပါဘူး။ အိမ်ကွင်းမှာ လူတစ်ယောက်အသာနဲ့ကစားခဲ့ရပြီး ဂိုးမသွင်းနိုင်ခဲ့တာက ကျေနပ်စရာမဟုတ်ဘူးလို့ဆိုရပေမယ့်လည်း သရေတစ်မှတ်ရအောင်ယူနိုင်ခဲ့တာက အဖိုးတန်ခဲ့ပြီး ဂိုးမရှိပွဲတစ်ပွဲကို လိဒ်ရင်ဆိုင်သွားခဲ့ပါတယ်။ 


ဒီရလဒ်ကြောင့် အာဆင်နယ်တို့ အဆင့် ၁၁ နေရာကို ရောက်ရှိခဲ့ပြီး မဟာပြိုင်ဘက်ကြီးယူနိုက်တက်နဲ့ အထက်အောက်ဖြစ်နေခဲ့ပါတယ်။ ဇယားထိပ်ဆုံးက စပါးနဲ့ ၉ မှတ်ကွာဟနေပြီး ရာသီအစောပိုင်းဖြစ်နေလို့ ပြင်ဆင်မှုတွေကောင်းကောင်းပြုလုပ်နိုင်မယ်ဆိုရင် အချိန်မရွေး ဇယားအထက်ပိုင်းကို ပြန်လည်တက်ရောက်နိုင်မယ့် အနေအထားမှာတော့ ရှိနေပါတယ်။ 


Author


က္က