မြောက်လန်ဒန်ဒါဘီပွဲကို လွဲချော်ရပါတော့မယ်။

ပွဲချိန် ၅၁မိနစ်မှာ ပြိုင်ဖက် နောက်ခံလူ အလွိုက်စကီးကို ခေါင်းဖြင့် တိုက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက တိုက်ရိုက် အနီကဒ်ပြသပြီး ထုတ်ပယ်ခဲ့တာပါ။

လိဒ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ အိုင်ဗရီကို့စ် တောင်ပံ တိုက်စစ်မှူး ပတ်ပေ အနီကဒ်ပြသ ထုတ်ပယ်ခံခဲ့ရပါတယ်။



ပွဲချိန် ၅၁မိနစ်မှာ ပြိုင်ဖက် နောက်ခံလူအလွိုက်စကီကို ခေါင်းဖြင့် တိုက်ခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးက VARပြန် ကြည့်ကာ တိုက်ရီုက်အနီကဒ်ပြ ထုတ်ပယ်ခဲ့တာပါ။

ယခုပွဲမှာ ပတ်ပေအတွက်တော့ ဒီရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့်ရတဲ့ပွဲဖြစ်ပေမယ့်လည်း ပတ်ပေကတော့ အကောင်းဆုံး အသုံးမချနိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စွမ်းဆောင်ရည်ထက် အနီကဒ်က ပိုများနေတဲ့ အချိုးကိုတောင် ပိုင်ဆိုင်သွားခဲ့ပြီး ပတ်ပေဟာ ဒီရာသီမှာ သွင်းဂိုးနှင့်ဂိုးဖန်တီးမှု နှစ်ခုပေါင်းမှ တစ်ကြိမ်သာ ပြုလုပ်ထားနိုင်ချိန် ၈ပွဲကစားပြီး တိုက်ရိုက် အနီကဒ် ထိထားပြီ ဖြစ်ပါတယ်။

ထုံးစံအတိုင်းဆိုသလို အခုလို ရူးမိုက်တဲ့ လုပ်ရပ်ကြောင့် အသင်း မနစ်နာသင့်ပဲ နစ်နာကာ အဝေးကွင်းမှာ ပွဲချိန် တစ်ဝက်လုံးနီးပါး တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာကြောင့် အာဆင်နယ် အသင်းရဲ့ ပရိသတ်တွေကတော့ ပတ်ပေကို လှောင်ပြောင်ဝေဖန်မှုတွေ လုပ်ခဲ့ကြပါတယ်။

အာဆင်နယ်အသင်းကတော့ ဗီလာကို အရေးနိမ့်ပြီးနောက် လိဒ်နဲ့ ထပ်မံ ရင်ဆိုင်ရတဲ့ပွဲမှာလည်း ပတ်ပေရဲ့ အနီကဒ်ကြောင့် ခက်ခဲခဲ့ရပြီး အဝေးကွင်းမှာ အဖိုးတန် သရေတစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။

လာမယ့်အပတ်မှာတော့ အာဆင်နယ်အသင်းဟာ ဝုလ်နဲ့ ကစားရမှာ ဖြစ်ပေမယ့် နောက်ထပ် တစ်ပတ်မှာတော့ မြောက်လန်ဒန်ဒါဘီပွဲကစားဖို့ ရှိနေပါတယ်။

တိုက်ရိုက်အနီကဒ်ပြသခံထားရလို့ ပတ်ပေဟာ အာဆင်နယ်အသင်းရဲ့ အနီးစပ်ဆုံးလိဂ်ပွဲစဥ် ၃ပွဲကို လွဲချော်ရမှာ ဖြစ်တာကြောင့် ဝုလ်၊စပါး၊ဘန်လေတို့နဲ့ပွဲတွေကို လွဲချော်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က