ယခုနှစ်မှာမှ လီဗာပူးကို ရောက်လာပြီး ပြိုင်ပွဲစုံ ၈ဂိုးထိ ရရှိထားပါပြီ။

အသက် ၂၃နှစ်အရွယ်သာရှိသေးတဲ့ ဂျိုတာကို ဆရာဟောင်းဖြစ်သူ ဂျို့စ်ဆိုင်မွန်ကလည်း တစ်ချိန်မှာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမား စာရင်းဝင် ရော်နယ်ဒိုလို ဖြစ်လာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

လီဗာပူးက လက်စတာကို ၃-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဂျိုတာဟာ လီဗာပူး အသင်းရဲ့ သမိုင်းမှာတော့ လီဗာပူးနှင့်အတူ ပထမဆုံး ပါဝင်ကစားတဲ့ ထိပ်တန်း အိမ်ကွင်းပွဲစဥ် ၄ပွဲ ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။



ဂျိုတာဟာ ဒီနှစ်မှာမှ ဝုလ်အသင်းကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၄၁သန်းနဲ့ ရောက်ရှိလာခဲ့သူ လည်း ဖြစ်ပါတယ်။

ယနေ့မနက်က လက်စတာနဲ့ ကစားမယ့် ပွဲမတိုင်ခင် အထိကို လီဗာပူးအတွက် ဒီရာသီ ပြိုင်ပွဲစုံ ၁၁ပွဲမှာ ၇ဂိုးထိ သွင်းယူပေးထားခဲ့ပြီးလည်း ဖြစ်တာကြောင့် အခုဆိုရင် ၈ဂိုးထိ ရရှိသွားပါပြီ။

တကယ်တော့ ဂျိုတာကို နည်းပြ ကလော့ပ်က ဝယ်ယူရတဲ့ အဓိက ရည်ရွယ်ချက်က တိုက်စစ်မှူး၃ဦးဖြစ်တဲ့ ဆာ လာ၊ဖာမီနိုနဲ့မာနေးတို့ ပွဲပန်းမှာစိုးရိမ်လို့ တိုက်စစ်မှာ လူအင်အားဖြည့်တင်းတဲ့အနေနဲ့ပါ။

အဲ့ထက်ပိုပြီး မျှော်လင့်နိုင်ခဲ့တာကတော့ ကလော့ပ်အပါအဝင် လီဗာပူးနဲ့ ပတ်သက်သူ အားလုံးအတွက် မထင်မှတ် ထားတဲ့ အပိုဆုလို့ပဲ ဆိုရမှာပါ။

လက်စတာနဲ့ပွဲမှာလည်း ကိုဗစ်ဖြစ်နေတဲ့ ဆာလာ မပါဝင်နိုင်တာကြောင့် တိုက်စစ်မှာ ဂျိုတာ ပွဲထွက်ခွင့်ရခဲ့ပြီး ရတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးချပြနေသူပါ။

ဂျိုတာ လက်စတာအသင်းဖက်ကို သွင်းယူတဲ့ သွင်းဂိုးတစ်ဂိုးက စာဖွဲ့နေစရာ မလိုလောက်ဘူး ဆိုပေမယ့် ဂျိုတာနဲ့ လက်စတာအသင်းရဲ့ တွေ့ဆုံမှု မှတ်တမ်းကတော့ မေ့ထားလို့ မရပါဘူး။

၂၀၁၈-၁၉ ဘောလုံးရာသီကစတင်ပြီး ဂျိုတာဟာ ပရီးမီးယားလိဂ်မှာ ဝုလ်နဲ့ စတင်ချိန်ကစလို့ လက်စတာနဲ့ ၅ကြိမ် တွေ့ဆုံထားရာမှာ ၄ဂိုးအထိသွင်းထားပြီး အခြားကလပ်အသင်းတွေထက်ပိုသွင်းယူထားနိုင်တာကိုလည်း လေ့လာ တွေ့ရှိရပါတယ်။

လတ်တလော ကစားသမားရဲ့ ခြေစွမ်းပြ ကစားနေမှုတွေကြောင့်လည်း နည်းပြဟောင်း ဖြစ်သူက မကြာခင် ပေါ် တူဂီမှာ ရော်နယ်ဒိုလိုပဲ အောင်မြင်လာတော့မယ်လို့ ဟောကိန်းထုတ်ထားပါသေးတယ်။

“၂၀၁၆ခုနှစ်က သူ ပေါ်တိုနဲ့စာချုပ်ချုပ်ခဲ့စဥ်မှာ ရော်နယ်ဒိုလိုပဲ ဂျိုတာဟာ အောင်မြင်လာမယ့်သူလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။အက်သလက်မှာရှိစဥ်တုန်းက သိပ်ကောင်းမွန်တဲ့ အချိန်မဟုတ်ခဲ့ပေမယ့် လီဗာပူးကို ရောက်ချိန် မှာတော့ သူ့ကို ကျွန်တော် မက်ဆေ့ကတဆင့် ဂုဏ်ပြုခဲ့ပါတယ်။၅စက္ကန့်ကြာပြီးနောက် သူ ကျွန်တော့်ကို စာပြန်ပါ တယ်၊အဲ့ဒီစာမှာတော့ လွန်ခဲ့တဲ့ ၂၀၁၆တုန်းက ရော်နယ်ဒိုလို အောင်မြင်မယ်လို့ ကျွန်‌တော်သူ့ကို မှတ်ချက်ပေးခဲ့ ဖူးတဲ့ သတင်းလင့်ခ်နဲ့အတူ ပြန်လာတာပါ။”လို့ ဂျို့စ် ဆိုင်မွန်က ဆိုပါတယ်။

အသက် ၂၃နှစ်အရွယ် ဂျိုတာကတော့ အရပ် ၅ပေ၁၀လက်မရှိပြီး ပေါ်တူဂီ လက်ရွေးစင် ကစားသမား တစ်ဦး ဖြစ် ပါတယ်။

ပေါ်တူဂီ လက်ရွေးစင်အသင်းကြီးအတွက် ၁၀ ပွဲကစားပေးထားပြီးရာမှာ ၃ဂိုးသွင်းပေးထားနိုင်သလို ဝုလ်အသင်း အတွက်လည်း ၂၀၁၇မှ ၂၀၂၀အထိ ၁၁၁ပွဲ ကစားပေးခဲ့ရာမှာ ၃၃ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က