ယခုနှစ်မှ ရှက်ဖီးကို အငှားချထားရာမှ ယူနိုက်တက်ကို ပြန်ရောက်လာသူပါ။

ဟန်ဒါဆင်က ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ဂိုးသမား တစ်ဦးဖြစ်လာဖို့ ရှိသူ ဖြစ်ပေမယ့် ယနေ့ညကစားမယ့် အစ္စတန်ဘူလ်နဲ့ပွဲမှာတော့ ပွဲထွက်လာဖို့ ရှိမရှိ အတည်မပြုပေးနိုင်ဘူးလို့ ဆိုးလ်ရှားက ဆိုလိုက်တာပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယနေ့ည(ဗုဒ္ဓဟူးနံက်)မှာ အစ္စတန်ဘူလ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ကစားဖို့ ရှိနေပါတယ်။



အဆိုပါပွဲစဥ်အတွက် ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ အသင်းရဲ့ ဂိုးသမား ဒီယန်ဟန်ဒါဆင်အနေနဲ့ တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦး ဖြစ်လာမယ့်သူလို့ ချီးမွမ်းပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ယနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဥ်မှာ ထည့်သွင်းအသုံးပြုလာဖို့ ရှိမရှိဆိုတာကိုတော့ အတည်ပြုချက် ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

ဟန်ဒါဆင်အနေနဲ့ ပထမအကျော့ အစ္စတန်ဘူလ်မှာ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ယူနိုက်တက်အတွက် ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

“ဟန်ဒါဆင်က တကယ်တော့ မှားယွင်းနေတာ မဟုတ်ပါဘူး၊ တိုးတက်မယ့် လမ်းမှာပဲ ရှိနေသေးတာပါ။ သင်ဟာ ကစားသည်ဖြစ်စေ မကစားသည်ဖြစ်စေ စွမ်း‌ဆောင်ရည်ဆိုတာ အမြဲတမ်း ဆုံးဖြတ်ချက် ချမှတ်တဲ့ အကြောင်း အရာ တစ်ခုဖြစ်ပါတယ်။”လို့ ဆိုးလ်ရှားက ဆိုခဲ့ပါသေးတယ်။

ဟန်ဒါဆင်ကတော့ ယူနိုက်တက်ကို ယခုနှစ်မှာမှ ၂နှစ်အငှားနဲ့ သွားကစားနေရတဲ့ ရှက်ဖီးလ်အသင်းကနေ ပြန် ရောက်လာတာ ဖြစ်ပြီး နိုဝင်ဘာလ အစောပိုင်းက ကစားခဲ့တဲ့ အိုင်ယာလန်အသင်းနဲ့ပွဲမှာ အင်္ဂလန်လက်ရွေးစင် အသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်အတွက် ၃ပွဲသာ ပါဝင်ပေးထားနိုင်သေးပြီး ကာရာဘောင်နဲ့ ချန်ပီယံလိဂ်ပွဲတွေသာ ပါဝင် ပေးထားနိုင်သေးတာပါ။

“ကျွန်တော်တို့မှာ ပွဲတွေအများကြီး ရှိသေးတာ သိပါသလား၊မနက်ဖြန်ကစားမယ့် ပွဲအတွက် ဒီယန်ပါမလားမပါဘူး လားဆိုတာနဲ့ သူ့အတွက် ဒါဟာ အဆုံးသတ်လားဆိုတာကို မေးတာတော့ ကျွန်တော် လုံးဝ သဘောမတူပါဘူး။သူ ကအခု လေ့ကျင့်ရေး အတူတူရှိနေပါတယ်။ပြီးတော့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးဖြစ်လာဖို့ လမ်းစရှိသူပါ။လက်ရှိ ယှဥ်ပြိုင်နေရတဲ့ လိဂ်ကလည်း သူရော ကျွန်တော်တို့အတွက်ပါ ပြိုင်ဆိုင်မှုကြီးမားပါတယ်။ ဒီအချိန်မှာတော့ လူတိုင်းကို ပျော်အောင် ကျွန်တော်မထားနိုင်သေးပါဘူး။”လို့ ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် အုပ်စုမှာ ၄သင်းစလုံးက နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေး ဆတူရှိနေသေးတာ ကြောင့် ယခုတစ်ကြိမ် အစ္စတန်ဘူလ်နဲ့ တွေ့ဆုံမှုမှာ ယူနိုက်တက်အသင်း လုံးဝ ပေါ့ဆလို့ မရပါဘူး။

Share

Loading Next Article...
က္က