ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသရမှာပါ။

ဆောက်သမ်တန်နဲ့ပွဲက အနီကဒ်ကြောင့် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း မပါဝင်နိုင်ခဲ့သလို ယခုအခါ မှာလည်း ခြေကျင်းဝတ်ခွဲစိတ်ရမှာကြောင့် ဒီဇင်ဘာလတစ်လုံး သေချာပေါက် လွဲချော်ပါတော့မယ်။

ဘယ်နောက်ခံလူ လူးကပ်စ်ဒစ်ဂ်နဲရဲ့ ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသရတော့မယ်လို့ အဲဗာတန် အသင်းက တရားဝင် သတင်းထုတ်ပြန်လာပါတယ်။



လူးကပ်စ်ဒစ်ဂ်နဲအနေနဲ့ အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ ယခုတစ်ပတ် လေ့ကျင့်ရေးကွင်းမှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး တနင်္လာနေ့မှာ ခွဲစိတ်ကုသရမယ်လို့ သိရပါတယ်။

အဆိုပါ အသက် ၂၇နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ ယခုနှစ်ရာသီမှာ အဲဗာတန်အသင်းအတွက် အဓိက အားထားရတဲ့ ကစးသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ယခုနှစ် အဲဗာတန်အသင်း ပရီးမီးယားလိဂ်မှာ အဆင့် ၆နေရာ ရပ်တည်နေရာမှာလည်း လူးကပ်စ်က အဓိက ကျတဲ့ ကဏ္ဍကနေ စွမ်းဆောင်ပေးထားသူ တစ်ဦး ဖြစ်ပါတယ်။

ဒါကြောင့် သူ့ရဲ့ ဒဏ်ရာသတင်းဟာ နည်းပြကြီး အန်ဆယ်လော့တီအတွက်တော့ စိတ်ပျက်စရာသတင်းတစ်ခု ဖြစ်လာပါပြီ။

လူးကပ်စ်ဒစ်ဂ်နဲအနေနဲ့ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ပုံမှန် ၃ပွဲပယ် ပြစ်ဒဏ်ကို လျော့ပေါ့ပြီး တစ်ပွဲသာ ပွဲပယ်ခံခဲ့ရပါတယ်။

ဒါကြောင့်လည်း နယူးကာဆယ်နဲ့ပွဲမှာ မပါဝင်နိုင်ခဲ့ပဲ အဲဗာတန်အသင်းလည်း နယူးကာဆယ်အသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။

လူးကပ်စ်ဒစ်ဂ်နဲကိုတော့ အဲဗာတန်အသင်းဟာ ၂၀၁၈ခုနှစ်က ဘာစီလိုနာအသင်းထံကနေ ခေါ်ယူထားတာ ဖြစ်ပါတယ်။

လူးကပ်စ်ရဲ့ ဒဏ်ရာကိုတော့ လာမယ့် တနင်္လာနေ့မှာ ခွဲစိတ်မယ်လို့ သိရပြီး ပြန်လည်ကြံ့ခိုင် သန်စွမ်းရေးတွေ ပြုလုပ်ရမယ့် ကာလတွေအပါအဝင် အဲဗာတန်အသင်း ဒီဇင်ဘာထဲမှာ ကစားရမယ့် အဓိက ပွဲစဥ်တွေဖြစ်တဲ့ ချဲလ် ဆီး၊အာဆင်နယ်၊မန်စီးတီး၊လက်စတာအသင်းတို့အပါအဝင် ယူနိုက်တက်နဲ့ ကစားရမယ့် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဥ်တွေကို သေချာပေါက် လွဲချော်ရပါတော့မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က