လာမယ့် တနင်္ဂနွေနေ့မှာ ကစားကြမှာပါ။

တနင်္ဂနွေနေ့မှာ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ယခုနှစ်လိဂ်ဖလားပြိုင်ပွဲမှာ တွေ့ဆုံထားရာမှာတော့ စပါးက ပင်နယ်တီနဲ့ နိုင်ထားပေမယ့် ပရီးမီးယားလိဂ် နောက်ဆုံး ၃ကြိမ် တွေ့ဆုံမှုမှာတော့ ချဲလ်ဆီးက ဆက်တိုက် နိုင်ထားပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ လန်ဒန်မှာ တိုက်ပွဲတစ်ခု ပြင်းထန်စရာရှိနေပြီး ချဲလ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ အနောက်မြောက် လန်ဒန် ဒါဘီပွဲစဥ်တစ်ခုပဲ ဖြစ်ပါတယ်။



ဒီပွဲစဥ်မှာ ဘယ်သူက လန်ဒန်ရဲ့ နံပါတ်ဝမ်း အသင်းလဲဆိုတာကို သက်သေပြသွားမယ်လို့ ချဲလ်ဆီးအသင်းခေါင်း ဆောင် အက်ပလီကျူတာက ကြုံးဝါးပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ စပါးအသင်းက ပရီးမီးယားလိဂ်ကို ဦးဆောင်နေတယ်ဆိုပေမယ့်လည်း ချဲလ်ဆီးအသင်းက အဆင့် ၃ကနေ ၂မှတ်အကွာနဲ့ ရှိနေပါတယ်။

ဒါကြောင့် ဒီပွဲမှာ အနိုင်အရှုံးအဖြေက နှစ်သင်းစလုံးအတွက် အဆင့်ရပ်တည်မှုတွေကို အပြောင်းအလဲ ရှိလာနိုင်ပါ တယ်။

အခုလို လန်ဒန်ဒါဘီမှာ ပြိုင်ဆိုင်မှု သာမာန်ထက်ပိုမို မြင့်မားနေရခြင်းကလည်း ၂၀၁၅-၂၀၁၆ခုနှစ်တုန်းကလည်း ချဲလ်ဆီး အသင်းဟာ စပါးကို အနိုင်ယူခဲ့ပြီး ချန်ပီယံဆုအတွက် ပြေးလမ်းချော်ထားစေခဲ့တာပါ။

အဆိုပါနှစ်မှာ ချဲလ်ဆီးက အဆင့် ၁၀မှသာ ရပ်တည်နိုင်ခဲ့ပေမယ့် စပါးအသင်းကတော့ အဆင့် ၃မှာ ရမှတ် ၇၀နဲ့ ရပ်တည်ခဲ့ပါတယ်။

ချန်ပီယံဆုကိုတော့ လက်စတာအသင်းက ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပြီး ဘောလုံးကမ္ဘာကို အံ့အားသင့်စေခဲ့ပါ တယ်။

“၂၀၁၆တုန်းက ကျွန်တော်တို့အတွက် စိတ်ပျက်ဖွယ်ကောင်းလောက်တဲ့ နှစ်တစ်နှစ်ပါပဲ။မှတ်မှတ်ရရ အဲ့တုန်းက ကျွန်တော်တို့က အိမ်ကွင်းမှာကစားရပေမယ့် ၂-၀နဲ့ အရေးနိမ့်နေခဲ့တာပါ။ဒုတိယပိုင်းကျမှသာ နောက်က လိုက်က စားပြီး သရေရယူနိုင်ခဲ့တာပါ။တစ်နှစ်နဲ့တစ်နှစ် မတူညီနိုင်ဘူးဆိုပေမယ့်လည်း ကျွန်တော်တို့မှာ သူတို့နဲ့တွေ့တိုင်း အသာရထားလေ့ရှိတဲ့ မှတ်တမ်းရှိပါတယ်။ ဒါကြောင့် လာမယ့် စတမ်းဖို့ဘရစ်ချ် စီးချင်းမှာတော့ ကျွန်တော်တို့ အနိုင်ယူနိုင်မှာပါ။”လို့ အက်ပလီကျူတာက The Telegraph သတင်းဌာနကိုပြောပါတယ်။

စပါးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံထားမှုအရ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင်လည်း ချဲလ်ဆီးအသင်းက ၇၂ပွဲနိုင် ပွဲ ၄၀ သရေကျကာ ပွဲပေါင်း ၅၅ပွဲသာ ရှုံးထားလို့ အနည်းငယ် အသာစီးရရှိထားတယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာ တွေ့ဆုံထားတဲ့ နောက်ဆုံး ၃ပွဲဆက်တိုက်မှာလည်း ချဲလ်ဆီးအသင်းကသာ အနိုင်ရရှိ ထားတာတွေ့ရပါတယ်။

“ကျွန်တော်တို့ အကောင်းဆုံး ပုံစံရနေပါတယ်၊ မနှစ်ကထက် အများကြီး တိုးတက်လာတယ်လို့ ထင်ပြီး အဆင့်မြင့် အဆင့်တစ်ခုကို ရောက်နေပါပြီ၊အခုရင်ဆိုင်ရမယ့် စပါးနည်းပြ မော်ရင်ဟိုကလည်း ချဲလ်ဆီးနည်းပြဟောင်းဆိုပေ မယ့် ဘောလုံးက ရွှေ့လျားနေပါတယ်။အရင်ကလည်း သူ့ကို ယူနိုက်တက် နည်းပြအဖြစ်နဲ့ ရင်ဆိုင်ထားဖူးတဲ့ အတွေ့အကြုံရှိပြီးသားပါ။”လို့ အက်ပလီကျူတာက ဆက်လက်ဆိုပါတယ်။

စပါးအသင်းကတော့ ချဲလ်ဆီးကို ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ပွဲဆက် အရေးနိမ့်ထားတယ်ဆိုပေမယ့်လည်း ယခုနှစ်မှာ လိဂ်ကို ခြေစွမ်းပြပြီး ဦးဆောင်ထားနိုင်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်၊မန်စီးတီး စတဲ့ မန်ချက်စတာ နှစ်သင်းကိုလည်း အနိုင်ယူထားသလို ချဲလ်ဆီးအသင်းကိုပင် လိဂ်ဖလားပြိုင်ပွဲမှာ ပင်နယ်တီနဲ့ အနိုင်ယူထားပါသေးတယ်။

ဒါကြောင့် ယခုနှစ်မှာ ခြေစွာနေတဲ့ စပါးနဲ့ အစဥ်အလာ အသာရရှိထားတဲ့ ချဲလ်ဆီးတို့ရဲ့ စတမ်းဖို့ဘရစ်ချ်မြေက စီးချင်းကတော့ သေချာပေါက် ပြင်းထန်နေဦးမှာပါ။

Share

Loading Next Article...
က္က