မနက်ဖြန်မှာ စပါး-ချဲလ်ဆီး စီးချင်းထိုးပါမယ်။

လမ်းပတ်က ချဲလ်ဆီးမှာ ကြီးမားတဲ့ ဖိအားဒဏ်တွေ ခံစားနေရတယ်လို့ ပြောလာတဲ့အပေါ် မော်ရင်ဟိုက သူခံစားရတာနဲ့ ယှဥ်ရင် မပြောသာလောက်ပါဘူးလို့ ပြန်လည်ခွန်းတုံ့ပြန်လိုက်တာပါ။

လက်ရှိ စပါးအသင်းရဲ့ နည်းပြ မော်ရင်ဟိုက ချဲလ်ဆီးအသင်းရဲ့ မန်နေဂျာ လမ်းပတ် ခံစားနေရတဲ့ ဖိအားဒဏ် တွေထက် သူ ချဲလ်ဆီးမှာရှိစဥ်က ခံစားခဲ့ရတဲ့ ဖိအားဒဏ်တွေက ပိုများခဲ့တယ်လို့ ထုတ်ဖော်ပြောလာပါတယ်။



မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းကို နှစ်ကြိမ် တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ် ဆုဖလားကို ၃ကြိမ် ပိုင်ဆိုင်ခဲ့ကာ ထိုစဥ်က လမ်းပတ်ဟာ သူ့အတွက် အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့သူပါ။

လက်ရှိမှာတော့ လမ်းပတ်က ချဲလ်ဆီးအသင်းကို နည်းပြအဖြစ်နဲ့ မနှစ်က ပြန်လည်ရောက်ရှိလာပြီး ပထမရာသီမှာ အဆင့် ၄ချိတ်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။

မနက်ဖြန်မှာတော့ ဆရာတပည့်နှစ်ယောက် လန်ဒန်မြေမှာ စီးချင်းပြန်ထိုးရတော့မှာ ဖြစ်ပြီး စပါးအသင်းက လက်ရှိ အဆင့်၁နဲ့ ချဲလ်ဆီးကတော့ အဆင့် ၃မှာ ရပ်တည်နေပါတယ်။

“အခုစပါးအသင်းမှာရှိတဲ့ ဖိအားတွေက ချဲလ်ဆီးမှာရှိစဥ်ကနဲ့ နှိုင်းရင် မပြောပလောက်ပါဘူး။သူတို့အပေါ်ပဲ ဖိအား အနည်းငယ်လောက်ပေးပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေရုံပါပဲ။အခုချိန်မှာ လမ်းပတ်က စတမ်းဖို့ဘရစ်ချ်မှာ ဖိအား တွေအများကြီး ခံစားနေရတယ်လို့ ပြောနေပါတယ်၊ နာမည်ကြီး လူကြိုက်များနေရင်ဘာလို့ များနေတာလဲဆိုတာ သိဖို့လိုမယ်၊ဒီအပေါ်မှာ တွဲပါလာမယ့် တာဝန်ယူမှုနဲ့ဖိအားဒဏ်ကိုလည်း ခံစားနိုင်အောင် ပြင်ဆင်ထားရမယ်။”လို့ မော်ရင်ဟိုက လမ်းပတ်ကို ပြောလိုက်ပါတယ်။

ဆက်လက်ပြီးတော့လည်း - “ ကျွန်တော်ချဲလ်ဆီးကိုရောက်တော့ ကျွန်တော့်ရဲ့ အဓိက ပစ်မှတ်က ဆုဖလားပါ။ဆု ဖလားရမှ အဆင်ပြေမှာပါ။အခုတော့ အဲ့လိုမဟုတ်တော့ပါဘူး။”လို့ မော်ရင်ဟိုက ဆက်လက်ပြောပါသေးတယ်။

လက်ရှိအချိန်မှာတောာ့ မနက်ဖြန်မှာ ရင်ဆိုင်မယ့်ပွဲမှာ လမ်းပတ်အတွက် အမှန်တကယ်ပဲ ဖိအားတွေ တိုးစေမလား ဖိအားမရှိဘူးပြောနေတဲ့ မော်ရင်ဟိုမှာပဲ ဖိအားရှိသွားမလား စိတ်ဝင်စားဖို့‌ ကောင်းနေပါပြီ။

Share

Loading Next Article...
က္က