ရက်ပစ်ဝီယာနဲ့ ယူရိုပါလိဂ်ပွဲမှာ ပရိသတ် စတင်ကြည့်ရှုခွင့်ရမှာပါ။

အခြားအသင်းတွေက တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားသူတွေ၊အထူးခုံဝယ်ထားသူတွေနဲ့ စီးပွားရေး မိတ်ဖက်များကို ဦးစားပေးမှုတွေ ပြုလုပ်ခဲ့သော်လည်း အာဆင်နယ်အသင်းကတော့ ကိုဗစ်ဒဏ်ကိုခံစားခဲ့ရတဲ့ အဓိက အလုပ်သမားတွေနဲ့ ပရိသတ်တွေကိုသာ ဦးစားပေးမှာပါ။

အာဆင်နယ်အသင်းဟာ ကိုဗစ်အလွန် ကွင်းအတွင်း ပရိသတ်တွေ ပြန်လည်ဝင်ရောက်ကြည့်ခွင့် ရမယ့် ပထမဆုံး ပရီးမီးယားလိဂ် ကလပ်အသင်း ဖြစ်လာပါတယ်။



အဆင့် သတ်မှတ်ချက် ၂အတွင်းဝင်ခဲ့တဲ့ ကလပ်အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်လို့ အများဆုံး ပရိသတ် ၂၀၀၀ကို ပထမဆုံး စတင်ဝင်ရောက်ခွင့်ပြုနိုင်မှာလည်း ဖြစ်ပါတယ်။

ပရိသတ်၂၀၀၀ ပထမဆုံး ဝင်ခွင့်ရမယ့် ပွဲကတော့ လာမယ့်အပတ်မှာကစားမယ့် ရက်ပစ်ဝီယာအသင်းနဲ့ ယူရိုပါ လိဂ်ပွဲမှာ ဖြစ်ပါတယ်။

ထပ်မံပြီး ဘန်လေအသင်းနဲ့ကစားမယ့်ပွဲစဥ်ကလည်း အာဆင်နယ်အတွက် ပထမဆုံး ပရိသတ်နဲ့ ပြန်ကစားခွင့်ရ မယ့် ပရီးမီးယားလိဂ်ပွဲဖြစ်လာမှာပါ။

ဒါဖြင့်ရင် ပရိသတ် ခြောင်သောင်းကျော် ဝင်ဆံ့တဲ့ အီးမရိတ်ကွင်းထဲကို ၂၀၀၀ စာ လက်မှတ်ခွဲတမ်းက ဘယ်လို ပရိသတ်တွေ ဝင်ခွင့်ရနိုင်မှာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အာဆင်နယ်အသင်းကတော့ ဒီလက်မှတ် ၂၀၀၀ကို ဦးစားပေးအနေနဲ့ ကိုဗစ်ကာလမှာ ရိုက်ခတ်မှုဒဏ်ကို ပိုမို ခံစားခဲ့ရတဲ့ အဓိက အလုပ်သမားတွေနဲ့ ပရိသတ်တွေကို ဦးစားပေး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

စပါးအသင်းကလည်း လာမယ့်အပတ်မှာ ကစားရမယ့် လန်ဒန်ဒါဘီပွဲစဥ်မှာ ပရိသတ် ၂၀၀၀ စတင်လက်ခံ ကျင်းပသွားမယ်လို့ အတည်ပြုထားပြီးပါပြီ။

သူတို့ပွဲအတွက်ကိုမူ တစ်ရာသီစာ လက်မှတ် ကိုင်ဆောင်ထားသူတွေနဲ့ ကော်ပိုရေးရှင်း ပရိသတ်တွေကို ဦးစားပေး ကြည့်ရှုခွင့်ပေးမှာ ဖြစ်ပေမယ့် လက်မှတ်ခွဲဝေမှုအတိအကျကိုတော့မသိရသေးပါ။

ကလပ်အသင်းအများစုကတော့ အခုရရှိတဲ့ လက်မှတ် ခွဲတမ်းတွေကို စီးပွားရေး ပါတနာများ၊ယခင် အထူးခုံဝယ်ယူ ထားသူများ၊တစ်ရာသီစာ လက်မှတ်ဝယ်ယူထားသူများ၊စတဲ့ပရိသတ်တွေကို ဦးစားပေး ရောင်းချသွားဖို့ ရှိနေပါ တယ်။

ဝက်စ်ဟမ်အသင်းကလည်း မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ပရိသတ် စတင်ကြည့်ရှုခွင့်ရမှာဖြစ်ပြီး ရရှိတဲ့ ခွဲတမ်း ၂၀၀၀စာအတွက် တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ကြည့်ရှုခွင့်ရမှာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ဒီလိုမဟုတ်ပဲ လန်ဒန်မြို့ရဲ့ ကိုဗစ်ဒဏ်ကို ပိုမို ခံစားခဲ့ ရတဲ့ အဓိက အလုပ်သမား တွေနဲ့ပရိသတ်တွေကို စိစစ်ရွေးချယ်ပြီး လက်မှတ်တွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က