၅-၀နဲ့ နိုင်တာပါ။

ဘန်လေကို အိမ်ကွင်းမှာ သက်တောင့်သက်သာဖြင့် ၅ဂိုးပြတ်အနိုင်ယူကာ ထိပ်ပိုင်းက အသင်းတွေကို တစ်ပွဲ လျော့နဲ့ တပ်လှန့်လိုက်ပါပြီ။

မန်စီးတီးအသင်းကတော့ ဘန်လေအသင်းကို အိမ်ကွင်းမှာ သက်တောင့်သက်သာနဲ့ အနိုင်ယူ ကစားသွားနိုင်ခဲ့ပါ တယ်။



မန်စီးတီးအတွက် မာရက်ဇ်တစ်ဦးတည်းက ၃ဂိုး ဟက်ထရစ်သွင်းယူပေးခဲ့ပြီး မန်ဒီနဲ့ တောရက်စ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကာ ပွဲအပြီးမှာတော့ ၅-၀ဂိုးနဲ့ ဘန်လေကို အနိုင်ရခဲ့တာပါ။

မာရက်ဇ်အတွက်ကတော့ ၂၀၁၅ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဟက်ထရစ်သွင်းဂိုး ပြန်လည်ရရှိတာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေနဲ့ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ စပါးကို ၂-၀နဲ့ အရေးနိမ့်ခဲ့ပြီးနောက် အဆိုပါပွဲက အရှက်တကွဲ အရေးနိမ့်ခဲ့ရမှုကို ဘန်လေနဲ့ပွဲမှာ အတိုးချပြန်ယူပြခဲ့သလိုပါပဲ။

ဘန်လေအသင်းကတော့ မန်စီးတီးကို အဖက်ဖက်က မယှဥ်နိုင်ခဲ့ပဲ ဂိုးပြတ်အရှုံးပေးခဲ့ရကာ တန်းဆင်းဇုန် ပတ်ဝန်းကျင်ထဲက ရုန်းမထွက်နိုင်သေးပါဘူး။

မန်စီးတီးကတော့ ဂိုးပြတ်နိုင်ပွဲနှင့်အတူ တစ်ပွဲလျော့ ၁၅မှတ်ရရှိထားပြီး အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရောက်နေ တဲ့ လီဗာပူး၊စပါးနဲ့ချဲလ်ဆီးတို့ကို တပ်လှန့်ထားလိုက်ပါပြီ။

ထိပ်ဆုံးက လီဗာပူးထက် ၆မှတ်သာ လျော့နည်းနေပြီး တစ်ပွဲလျော့ကစားထားတာကြောင့်လည်း မန်စီးတီးအတွက် အခွင့်အရေးတွေက နီးကပ်လာခဲ့ပြီလို့ ဆိုရမှာပါ။

မနက်ဖြန်မှာ စပါးနဲ့ချဲလ်ဆီးအသင်းတို့ လန်ဒန်ဒါဘီပွဲကစားဖို့ ရှိသေးလို့ အဆိုပါပွဲစဥ်ရဲ့ ရလဒ်ကလည်း မန်စီးတီး အတွက် ပျော်ရွှင်မှုတစ်ခုခု ယူဆောင်လာပေးဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က