စိတ်ဓာတ်ပိုင်းပြင်းပြင်မှုကို အတုယူဖို့ တိုက်တွန်းခဲ့တာပါ။
Pyae Phyo Thein

ပေါ်တူဂီကွင်းလယ်လူဟာ ယူနိုက်တက်အတွက် ဒီရာသီမှာ ခြောက်ဂိုးသွင်းယူပေးထားပြီး ၃ ကြိမ်ဖန်တီးပေးခဲ့ကာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြနေခဲ့ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက သူတို့အားလုံးအနေနဲ့ ကွင်းလယ်လူဖာနန်ဒက်စ်ရဲ့ စိတ်ဓာတ်ပိုင်းကို အတုယူပြီး သင်ယူမှုတွေပြုလုပ်ရမယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ အသင်းကို ဖာနန်ဒက်စ်ရောက်ရှိလာခဲ့ပြီးနောက် မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာရရှိမှုတွေ ဖြစ်လာခဲ့တယ်လို့လည်း ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ 

ဆောက်သမ်တန်နဲ့ကစားရမယ့် ဒီနေ့ညပွဲမတိုင်ခင် ဆိုးလ်ရှားကပြောဆိုခဲ့ပြီး ဒါဟာ ဒီရက်သတ္တပတ်အတွင်း ဖာနန်ဒက်စ်ကို နောက်တစ်ကြိမ်ချီးမွမ်းမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ပေါ်တူဂီကွင်းလယ်လူဟာ ယူနိုက်တက်အတွက် ဒီရာသီမှာ ခြောက်ဂိုးသွင်းယူပေးထားပြီး ၃ ကြိမ်ဖန်တီးပေးခဲ့ကာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြနေခဲ့ပါတယ်။ 

ဆိုးလ်ရှားက "ကျွန်တော်လည်း ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးပါတယ်၊ မန်နေဂျာ (နည်းပြ) ဒါမှမဟုတ် နည်းပြအဖွဲ့ဝင်တွေကပဲ အော်ဟစ်ပြောဆိုနေတာမျိုးမဟုတ်တဲ့ အသင်းမျိုးကို ကျွန်တော်သဘောကျပါတယ်၊ ကစားသမားတွေအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူတာမျိုးကို ကျွန်တော်အလိုရှိပြီး တစ်ဦးနဲ့တစ်ဦးတွန်းအားပေးနေတာမျိုးကလည်း လိုအပ်ပါတယ်"

"ဘာလို့လဲဆိုတော့ ဒါက အသင်းအနိုင်ရဖို့အတွက်ဖြစ်နေလို့ပါ၊ ကျွန်တော်တို့အားလုံး ဖာနန်ဒက်စ်ရဲ့ စိတ်ဓာတ်ပိုင်းကို အတုယူပြီး သင်ကြားရမယ်ထင်ပါတယ်၊ ၂-၀ ဖြစ်နေချိန်မှာ သူက ၃-၀၊ ၄-၀ ဖြစ်နေချိန်မှာ ၅-၀ ဆိုတဲ့ ရလဒ်မျိုးဖြစ်လာဖို့ သူက အမြဲတမ်းဆန္ဒရှိနေသူပါ၊ ပြီးတော့ အသင်းကိုလည်း တိုးတက်စေချင်တယ်၊ ဒါတွေသာ တိုးတက်လာမယ်ဆိုရင် အခွင့်အရေးကောင်းတွေရလာမှာပါ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ အဆင့် ၁၃ နေရာကို ရောက်ရှိနေပြီး ထိပ်ဆုံးက လီဗာပူးလ်နဲ့ ၈ မှတ်အထိ ကွာဟနေခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန်တစ်ပွဲကစားရဖို့ရှိနေပြီး ဆောက်သမ်တန်နဲ့ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ငါးမှတ်သာပြတ်တော့မှာဖြစ်ကာ ဒီနေ့ပွဲကစားပြီးရင်တော့ ချန်ပီယံလိဂ်ပွဲအဖြစ် ပီအက်စ်ဂျီနဲ့ ဗုဒ္ဓဟူးနေ့မှာ ကစားရဖို့ရှိနေပါတယ်။ 


Author


က္က