၅ ပွဲကစားထားရာမှာ ၃ ဂိုးအထိ ရရှိထားခဲ့တာပါ။

အဝေးကွင်းမှာ ၂ဂိုးပြတ်နဲ့ အရေးနိမ့်နေတဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းစစချင်း ကာဗာနီကိုထည့်သွင်းအသုံးပြုခဲ့ကာ ဥရုဂွေးတိုက်စစ်မှူးက သွင်းဂိုး ၃ ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးသစ်ကာဗာနီကတော့ ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းအတွက်ခြေစွမ်းပြခဲ့ကာ အဖိုးတန်အနိုင်သုံးမှတ်ကို ရယူပေးနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ ၂ဂိုးပြတ်နဲ့ အရေးနိမ့်နေတဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းစစချင်း ကာဗာနီကိုထည့်သွင်းအသုံးပြုခဲ့ကာ ဥရုဂွေးတိုက်စစ်မှူးက သွင်းဂိုး ၃ ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။



ဘရူနိုဖာနန်ဒက်စ်ရဲ့ ပထမချေပဂိုးအတွက် ကာဗာနီက ဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်ကလည်း လှပတဲ့ခေါင်းတိုက်သွင်းဂိုး ၂ဂိုးရယူကာ ဆိုးလ်ရှားကို ကယ်တင်ပေးခဲ့ပါတယ်။ ကာဗာနီရဲ့ အံ့အားသင့်ဖွယ်ရာစွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်တို့ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း ၈ ပွဲဆက်တိုက်အနိုင်ရရှိခဲ့တယ်လို့ ယူနိုက်တက်အသင်းရဲ့ ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ 


ဒါ့အပြင် ကာဗာနီဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၅ပွဲမှာ မိနစ် ၁၃၆ မိနစ်သာ ကစားထားရပေမယ့် သွင်းဂိုး ၃ ဂိုးအထိရရှိထားကာ ၉ ပွဲကစားပြီး မိနစ်ပေါင်း ၉၀၀ ကစားထားတဲ့ အာဆင်နယ်တိုက်စစ်မှူးအော်ဘာမီယန်ထက် ဂိုးပိုသွင်းယူထားတယ်လို့လည်း ပရိသတ်တွေက ထောက်ပြခဲ့ကြတယ်လို့ ဗြိတိန်သတင်းဌာန Daily Mail က ဖော်ပြခဲ့ပါတယ်။ 

အော်ဘာမီယန်ဟာ ရာသီအဖွင့်ပွဲနဲ့ ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲတွေမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ကျန်ပွဲတွေမှာတော့ ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲမှာလည်း အော်ဘာမီယန်က ဂိုးပေါက်ထပ်ပျောက်နေခဲ့ပြီး အသင်းကလည်း အရေးနိမ့်ခဲ့ပါတယ်။ ကာဗာနီအနေနဲ့ အော်ဘာမီယန်ရဲ့ ပွဲကစားချိန်ထက် ၈ ဆအထိ လျော့ကစားထားပေမယ့် သွင်းဂိုးတစ်ဂိုးပိုသွင်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Rizzy လို့ အမည်ရတဲ့ ပရိသတ်တစ်ဦးက "ကာဗာနီက အော်ဘာမီယန်ထက်ပိုကောင်းတယ်ဆိုတာ လူအများစုသိမှာပါ၊ အာဆင်နယ်ပရိသတ်တွေကတော့ သဘောတူမှာမဟုတ်ပါဘူး၊ ကာဗာနီက အားလပ်ရက်က ပြန်လာပြီး ရက်သတ္တပတ်နည်းနည်း သီးသန့်နေခဲ့ရတယ်၊ မိနစ် ၁၀၀ ပဲ သူ ကစားထားရပေမယ့် အော်ဘာမီယန်ထက် ဂိုးပိုသွင်းထားနိုင်တယ်" လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က