သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို ချီးကျူးခဲ့ပါတယ်။
Pyae Phyo Thein

လန်ဒန်ဒါဘီပွဲကတော့ ဂိုးမရှိသရေနဲ့အဆုံးသတ်ခဲ့ကာ စပါးက အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး လီဗာပူးလ်နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။


စပါးနည်းပြမော်ရင်ဟိုက ချယ်လ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့နောက် အသင်းအဝတ်လဲခန်းထဲမှာ ကစားသမားတွေ မပျော်မရွှင်ဖြစ်နေခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ သူ့အတွက်တော့ ကစားသမားတွေရဲ့ အခုလိုမျိုး နိုင်ပွဲမရလို့ ဒေါသထွက်စိတ်ပျက်နေတာကို မြင်တွေ့ခဲ့ရလို့ ကျေနပ်မိကြောင်းနဲ့ အသင်းစိတ်ဓာတ်ပိုင်းက လုံးဝပြောင်းလဲသွားပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

လန်ဒန်ဒါဘီပွဲကတော့ ဂိုးမရှိသရေနဲ့အဆုံးသတ်ခဲ့ကာ စပါးက အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိခဲ့ပြီး လီဗာပူးလ်နဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ စပါးအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ နိုင်ပွဲမရတာကြာမြင့်နေပြီဖြစ်လို့ ဒီပွဲရလဒ်က မထူးဆန်းပေမယ့် ကစားသမားတွေရဲ့ နိုင်လိုစိတ်ပြင်းပြမှုကို မော်ရင်ဟိုက အသိအမှတ်ပြုခဲ့တာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

"ဒီပွဲကနေ ကျွန်တော်ရယူခဲ့တဲ့ အရာတစ်ခုရှိပါတယ်၊ သရေကျခဲ့တာက အပေါင်းဆန်တဲ့လက္ခဏာပါ၊ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေတာကလည်း အဲဒီသဘောပါပဲ၊ ကျွန်တော့်အသင်းအဝတ်လဲခန်းထဲမှာ မပျော်မရွှင်ဖြစ်နေကြပါတယ်၊ ဒါကလည်း ဒီပွဲကနေရယူနိုင်ခဲ့တဲ့အရာပါ၊ ကျွန်တော့်အတွက်တော့ အရမ်းကောင်းပါတယ်၊ အသင်းရဲ့ စိတ်ဓာတ်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ပြောင်းလဲသွားခဲ့ပါပြီ"


'ကျွန်တော်တို့ ဒီနေ့ပွဲမှာ အခွင့်အရေးအများကြီး မရခဲ့ဘူးလို့ ခင်ဗျားပြောနိုင်တယ်၊ ကျွန်တော်လက်ခံပါတယ်၊ ဒါပေမယ့် သူတို့ကရော ဘယ်လောက်များလုပ်ပြနိုင်ပြီး ဘယ်လောက်များရခဲ့လို့လဲ၊ ဒါတွေက စတန်းဖို့ဒ်ဘရစ်ချ်မှာ သရေကျခဲ့လို့ ကျွန်တော်တို့ကို ပျော်ရွှင်စေခဲ့တာနဲ့ မပျော်ရွှင်စေခဲ့မှုတွေပါပဲ" လို့ မော်ရင်ဟိုက Sky Sports ကနေ ပြောဆိုသွားခဲ့ပါတယ်။ 

ချယ်လ်ဆီးနဲ့ စပါးပွဲကတော့ အပိုင်အခွင့်အရေးတချို့ကို နှစ်သင်းလုံးရရှိခဲ့ပြီး အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဆက်တိုက်ခြေစွမ်းပြနေတဲ့ အသင်းနှစ်သင်းဟာ တစ်မှတ်စီခွဲဝေယူခဲ့ရပြီး ကျေနပ်စရာရလဒ်တော့ဖြစ်ခဲ့ရပါတယ်။ 


Author


က္က