အသင်းနိုင်ပွဲရအောင် ကာဗာနီက စွမ်းဆောင်ပေးခဲ့တာပါ။
Pyae Phyo Thein

၂-၀ နဲ့ အရေးနိမ့်နေခဲ့တဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ကာဗာနီဝင်ရောက်လာပြီးနောက် ၃ ဂိုးအထိ ပြန်လည်သွင်းယူနိုင်ခဲ့ပြီး အံ့မခန်းနိုင်ပွဲကို ပြန်ရယူနိုင်ခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူ အသင်းခေါင်းဆောင်မက်ဂွိုင်းယားက အသင်းတိုက်စစ်မှူးတွေအနေနဲ့ ကာဗာနီရဲ့ ကစားပုံကို လေ့လာကြည့်ရှုပြီး သင်ယူသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ ယူနိုက်တက်အတွက် အံ့အားသင့်ဖွယ်ခြေစွမ်းတွေပြသခဲ့ပြီးနောက် မက်ဂွိုင်းယားက အသင်းဖော်ကို ဂုဏ်တင်ခဲ့တာလည်းဖြစ်ပါတယ်။

၂-၀ နဲ့ အရေးနိမ့်နေခဲ့တဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ကာဗာနီဝင်ရောက်လာပြီးနောက် ၃ ဂိုးအထိ ပြန်လည်သွင်းယူနိုင်ခဲ့ပြီး အံ့မခန်းနိုင်ပွဲကို ပြန်ရယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာတော့ မက်ဂွိုင်းယားက ကာဗာနီကို ချီးကျူးစကားဆိုခဲ့ပြီး နိုင်ပွဲရအောင်ကူညီပေးခဲ့တဲ့အတွက်လည်း ဝမ်းမြောက်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

"သူ့အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်၊ သူက လအနည်းငယ်လောက် အသင်းမရှိဖြစ်နေခဲ့ပြီး ကျွန်တော်တို့အသင်းကိုရောက်လာခဲ့ပြီး အခုဆိုရင် သူ အထိုင်ကျသွားခဲ့ပါပြီ၊ သူက အရမ်းပရော်ဖက်ရှင်နယ်ဆန်တဲ့သူပါ၊ အဝတ်လဲခန်းထဲမှလည်း သူက ကစားသမားကောင်းတစ်ဦးဖြစ်ပြီး ဒီနေ့မှာ အသင်းအတွက် သူ ဘာတွေယူဆောင်ပေးလာနိုင်လဲဆိုတာကို မြင်တွေ့ခဲ့ကြပြီထင်ပါတယ်"


"ဘောလုံးက ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့အချိန်မျိုး သူ့လှုပ်ရှားမှုက တိုက်စစ်မှူးအများကြီးမလုပ်နိုင်တဲ့ အဆင့်မျိုးမှာရှိနေခဲ့ပါတယ်၊ သူက အမြဲတမ်းရွေ့လျားနေပြီး ဖြတ်တင်ပေးမှုတိုင်းကို လက်ခံရယူဖို့ အသင့်ရှိနေပါတယ်၊ ဒါကြောင့်လည်း သူ အမြဲတမ်းဂိုးတွေအများကြီးသွင်းနိုင်ခဲ့တာပါ၊ ဒါကြောင့် ဒီမှာ သူကစားတာကို လေ့လာပြီးကြည့်ချင်တဲ့ တိုက်စစ်မှူးတွေရှိမယ်ဆိုရင် သူလုပ်ခဲ့တာတွေကို လေ့လာနေမှာသေချာပါတယ်"

"ကျွန်တော်တို့ တိုက်စစ်မှူးတွေအတွက်လည်း သူက ကြီးကျယ်တဲ့ ကစားသမားပါ၊ လေ့ကျင့်ရေးကွင်းမှာ သူ့ဆီကနေ သင်ယူနိုင်ပြီး အဲဒီမှာလည်း သူက အိပ်မက်ဆိုးတွေပေးနိုင်ပါတယ်၊ ဒီနေ့ သူ့ကစားပုံကိုကြည့်ရတာ အရမ်းကိုကောင်းမွန်ပါတယ်" လို့ မက်ဂွိုင်းယားက MUTV ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က