အာဆင်နယ်ကတော့ ရလဒ်တွေဆိုးရွားနေပြီး အဆင့် ၁၄ နေရာမှာရှိနေပါတယ်။

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ နာမည်ကျော်ကွင်းလယ်လူဟောင်းရွိုင်ကိန်းက အာဆင်နယ်ကစားသမားတွေဟာ ပျော့လွန်းအားကြီးတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဝုလ်ဗ်ကို အိမ်ကွင်းမှာပဲ အာဆင်နယ်က အရေးနိမ့််ခဲ့ပြီးနောက် ရွိုင်ကိန်းက ဝေဖန်ပြောဆိုခဲ့တာဖြစ်ပြီး မာမာထန်ထန်ကစားနိုင်တဲ့ ကစားသမားရှားပါးခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။ 



ယူနိုက်တက်ကစားသမားဘဝမှာ အာဆင်နယ်ကို အဓိကပြိုင်ဘက်အဖြစ်နဲ့ အကြိမ်ပေါင်းများစွာ ရွိုင်ကိန်းက ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ သူတို့ခေတ်အခါမှာ ဗီယာရာ၊ ပီရက်စ်၊ ရေးပါလာ၊ ကီအွန်၊ ကမ်းဘဲလ်အစရှိတဲ့ နာမည်ကျော်ကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လက်ရှိအာဆင်နယ်အသင်းရဲ့ ကစားသမားအနေအထားအပေါ် ရွိုင်ကိန်းက အလိုမကျဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ 

"အာဆင်နယ်ကစားသမားတော်တော်များများက ကောင်းမွန်တဲ့လုံလောက်မှုမရှိဘူးလို့ ကျွန်တော်ထင်တယ်၊ တော်တော်လေးပျော့ညံ့နေတယ်လို့လည်း ထင်တယ်၊ ယူနိုက်တက်ကို သူတို့အနိုင်ရရှိခဲ့တုန်းကတော့ သူတို့အသင်းမှာ ခေါင်းဆောင်ကောင်းတွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်၊ အဲဒီအချိန်ကစပြီး သူတို့တစ်မှတ်ပဲရရှိခဲ့သလို နှစ်ပွဲအထိရှုံးခဲ့ပါတယ်"

"တော်တော်လေး ပျော့လွန်းအားကြီးတယ်လို့ ကျွန်တော်ထင်တယ်၊ သူတို့မှာ ယုံကြည်မှုပျောက်နေတာလည်းဖြစ်နိုင်တယ်၊ မန်နေဂျာကလည်း တိုက်ပွဲဝင်စိတ်သွင်းပေးတာမျိုးကို ပြောဆိုနိုင်ခြင်းမရှိဘူးလို့ ကျွန်တော်မြင်မိတယ်၊ ပြီးတော့ ရလဒ်ကောင်းရကိုရရမယ်ဆိုတဲ့ စိတ်ဓာတ်လည်း သူတို့မှာ မရှိတာ ကျွန်တော်တွေ့နေရတယ်၊ လက်ရှိသူတို့အစုအဖွဲ့မှာ ဒီအချက်တွေကို လိုချင်တဲ့ကစားသမားမရှိပါဘူး" လို့ ရွိုင်ကိန်းက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

အာဆင်နယ်ကတော့ အမှတ်ပေးပွဲ ၁၀ ပွဲကစားအပြီးမှာ အဆင့် ၁၄ နေရာရပ်တည်နေရပြီး ၁၉၈၁ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးရာသီစတင်မှုနဲ့ ရင်ဆိုင်နေရပြီလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က