လူမှုကွန်ရက်ကို တင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့်ပါ။

ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ စာသားပို့စ်တစ်ခုကြောင့် လူမျိုးရေး ခွဲခြား သလိုဖြစ်သွားတဲ့ ကာဗာနီကို အက်ဖ်အေက စုံစမ်းနေပါပြီ။

မန်ချက်စတာ ယူနိုက်တက်အသင်းက ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာ ၃-၂နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ လူမှုကွန်ရက် စာမျက်နှာထက် ရေးသားဖော်ပြခဲ့တဲ့ ပို့စ်တစ်ခုကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက် စစ်မှူး ကာဗာနီဟာ ပြန်လည်တောင်းပန်မှု ပြုလုပ်ခဲ့ရပါတယ်။



ကာဗာနီဟာ အဆိုပါ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ဝင်လာပြီး အသင်းအတွက် ၂ဂိုးသွင်းယူပေးခဲ့သူပါ။

သူ့ရဲ့ သွင်းဂိုးတွေကြောင့်သာ ယူနိုက်တက်က ၂-၀အရှုံးကနေ ၃-၂ အနိုင်ကို ရရှိခဲ့တာ ဖြစ်ပြီး သွင်းဂိုး ၂ဂိုးစလုံးက လည်း လှပန်းလွန်းခဲ့ပါတယ်။

အဲ့နောက်ပွဲအပြီးမှာ ကာဗာနီဟာ အပျော်လွန်ပြီး စပိန်စကားစု ပါဝင်တဲ့ စာသားတစ်ခုကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အဲ့ဒီစာမှာ စော်ကားမှု တချို့ ပါဝင်ခဲ့တာကြောင့် စာကို ပြန်ဖျက်လိုက်ပြီ ဖြစ်ပြီး ဒီစာကြောင့်ပဲ သူဟာ အားလုံးကို ပြန်တောင်းပန်ခဲ့ပါတယ်။

“ကျွန်တော်က ကျွန်တော့်ကို ဂုဏ်ပြုခဲ့တဲ့ သူငယ်ချင်းကို ကျေးဇူးတင်စကားပြန်ဆိုခဲ့တာပါ၊ဘယ်သူ့ကိုမှ ထိခိုက် စေလိုခြင်း မပါဝင်ခဲ့ပါဘူး။ကျွန်တော်ကိုယ်တိုင်ကလည်း လူမျိုးရေး ခွဲခြားတာကို လုံးဝဆန့်ကျင်သူတစ်ဦးပါ။ ဒါပေ မယ့် ကျွန်တော့်စာက အဓိပ္ပာယ်ကောင်ယူမှု ကွဲပြားနိုင်တာကိုသိလို့ ချက်ခြင်း ပြန်ဖျက်လိုက်ပါပြီ။စိတ်အ‌နှောက် အယှက် ဖြစ်စေမှုအတွက် အားလုံးကို နူးညွံ့စွာ တောင်းပန်ပါတယ်။”လို့ ကာဗာနီက ဆိုပါတယ်။

ယူနိုက်တက်အသင်းကတော့ ကာဗာနီရဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ကစားသမားရဲ့ဆိုလိုရင်းကို နားလည်တယ်လို့ ဆိုထားပေမယ့် အခုလိုမျိုး လူမျိုးရေး ခွဲခြားတဲ့ အပြုအမူမျိုး ထင်ရတဲ့ မည်သည့် ကစားသမားမဆို အနည်းဆုံး ၃ပွဲ ပယ် ပြစ်ဒဏ်ချမှတ်ခံရမှာလို့လည်း အက်ဖ်အေက အတိအကျ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကာဗာနီရဲ့ ပို့စ်နဲ့ ပတ်သက်ပြီး အင်္ဂလန် အက်ဖ်အေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ သိရ ပြီး ယူနိုက်တက်အသင်းကတော့ သူတို့ ကစားသမားဖက်က ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က