အာဆင်နယ်နဲ့ပွဲမှာ ဦးခေါင်းဒဏ်ရာကို ရရှိခဲ့ပါတယ်။

ခွဲစိတ်မှု အောင်မြင်တယ်ဆိုပေမယ့် ဆေးရုံမှာတော့ ဆက်လက် ကုသမှုတွေ ခံယူရဦးမှာဖြစ်ပြီး အမြန်ဆုံး ကွင်းအတွင်း ခြေချနိုင်မယ်လို့ ကစားသမားက ယုံကြည်မှု ရှိနေပါတယ်။

အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဦးခေါင်းခွံကွဲအက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့ ဝုလ်တိုက်စစ်မှူး ရာ အူးလ်ဂျီမီနက်ဇ်ရဲ့ ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။



ခွဲစိတ်မှုအပြီး ရာအူးလ်ရဲ့ ပထမဆုံး ပြောစကားကတော့ သူ့ဒဏ်ရာအတွက် အားပေးခဲ့ကြပြီး ဆေးကုသမှု ပေးခဲ့တဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်လို့ လူမှုကွန်ရက်ကတဆင့် ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကုသမှုခံယူနေရဆဲ ဖြစ်ပေမယ့်လည်း အမြန်ဆုံး ပြန်လည်ကျန်းမာလာမယ်လို့ ၎င်းက ယုံကြည် ထားတယ်လို့လည်း ဆိုပါတယ်။

“အားပေးကြတဲ့ စာတိုတွေအတွက်ကျေးဇူးတင်ပါတယ်၊ကွင်းအတွင်းမကြာခင် ပြန်လာနိုင်မယ်လို့ ယုံကြည်ပါ တယ်။”လို့ ရေးသားဖော်ပြလာတာပါ။

ဝုလ်အသင်းကလည်း - “ ရာအူးလ်အနေနဲ့ ခွဲစိတ်မှု ပြုလုပ်အပြီးမှာ သက်တောင့်သက်သာနဲ့ အဆင်ပြေနေပါ တယ်။ ခွဲစိတ်ပြီးနောက်တော့ ဆေးရုံမှာနောက်ထပ် ကုသမှုတွေ ခံယူဖို့လိုပါသေးတယ်။”လို့ ဖော်ပြလာပါတယ်။

ဦးခေါင်းဒဏ်ရာဟာ ကစားသမားတွေအတွက် ကစားသမားဘဝကို အဆုံးအဖြတ်ပေးနိုင်လောက်တဲ့အထိ ကြီးမား ကြောက်မက်ဖွယ်ကောင်းပြီး ၂၀၁၈ခုနှစ်တုန်းက ရွိုင်းမေဆန်က သာဓကအနေနဲ့ ရှိထားဖူးပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးဂိုးသမားဟောင်း ပီတာချက်ကလည်း ၂၀၀၆ အောက်တိုဘာမှာ ကစားခဲ့တဲ့ ရီးဒင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဦးခေါင်းဒဏ်ရာကို အကောင်းဆုံး ဖြတ်ကျော်ပြကာ ကစားသမားဘဝကို အနားယူချိန်တန်သည်အထိ အကောင်းဆုံး ရှေ့ဆက်ပြထားနိုင်ခဲ့ပါတယ်။

အခြားသော ကစားသမားတွေဖြစ်ကြတဲ့ ဝေးလ်တိုက်စစ်မှူး ကိုင်ဖာမိုရီ၊ကော်ရီအီဗန်၊ဒွန်ဂွတ်မန်းစတဲ့ ကစားသ မားတွေကလည်း ဦးခေါင်းဒဏ်ရာရပြီးမှ ကစားသမားဘဝကို အကောင်းဆုံး ရှေ့ဆက်ပြနိုင်ခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က