တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ၁၁နာရီမှာ ကစားမှာပါ။

စပါးတိုက်စစ်မှူး ကိန်းဟာ ယူရိုပါလိဂ်ပွဲမှာ ကြံ့ခိုင်မှု မပြည့်လို့ မပါဝင်နိုင်ခဲ့သလို အာဆင်နယ် ကွင်းလယ်လူ ပါတေးဟာလည်း နိုဝင်ဘာ ၈ရက်နေ့ကစပြီး အသင်းအတွက် ကစားပေးနိုင်ခြင်း မရှိထားသူပါ။

we

လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည၁၁နာရီတိတိမှာတော့ မြောက်လန်ဒန်ကို ဗဟိုထားပြီး မုန်တိုင်းတစ်ခု တိုက်ခတ်ပါတော့မယ်။



ဒီမုန်တိုင်းကတော့ အခြားမဟုတ် စပါးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ အပြင်းထန်ဆုံး မြောက်လန်ဒန်ဒါဘီပွဲပဲ ဖြစ်ပါ တယ်။

အိမ်ရှင်အဖြစ် ဧည့်ခံမယ့် စပါးအသင်းကတော့ လက်ရှိမှာ ပရီးမီးယားလိဂ်ကို ဦးဆောင်နေပြီး အာဆင်နယ်အသင်း ကတော့ အဆင့် ၁၄မှာ ရမှတ် ၁၃မှတ်နဲ့ ရပ်တည်နေပါတယ်။

နှစ်သင်းကြား အဆင့်ကွာဟချက်များတယ်ဆိုပေမယ့် ရမှတ်ကွာဟချက်မှာတော့ သိပ်မကွာပဲ ၈မှတ်သာ ကွာဟ နေတာပါ။

နှစ်သင်းကြား အခြေအနေတွေ သိသိသာသာ ကွာဟနေပေမယ့်လည်း ဒါဘီပွဲစဥ်တိုင်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အမြဲတမ်း ကြမ်းတမ်းလေ့ရှိပါတယ်။

ဒီအတွက် နှစ်ဖက်အသင်းဟာလည်း အနိုင်ရဖို့အရေး အဓိက ကစားသမား အစုံအလင်ကို အားထားပြီး ကစား ကွက်တည်လာတတ်ရာမှာတော့ ယခုအခါ နှစ်ဖက်အသင်းမှာ အထိအခိုက်အနည်းငယ်ရှိနေပါတယ်။

စပါးအသင်းမှာဆိုရင်လည်း ပြိုင်ပွဲစုံ ၁၆ပွဲမှာ ၁၃ဂိုးထိ သွင်းယူပေးထားတဲ့ အဓိက တိုက်စစ်မှူး ကိန်း ပါဝင်ဖို့ မသေချာ ဖြစ်နေပါတယ်။

ကိန်းဟာ LASKနဲ့ တစ်ဖက် ၃ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ မပါဝင်ခဲ့ပဲ အာဆင်နယ်နဲ့ပွဲအတွက် နည်းပြ မော်ရင်ဟို အနားပေးခဲ့ဟန်တူပါတယ်။

“ကြံ့ခိုင်မှု ပြည့်နေမယ်လို့ မျှော်လင့်ပါတယ်၊ဒါပေမယ့် မသေချာပါဘူး။အာဆင်နယ်နဲ့ပွဲကို ကစားဖို့ မျှော်လင့်ပေ မယ့် လောလောဆယ် ကုသမှုအောက်မှာ ရှိနေသေးတော့ ကျွန်တော် လျှောက်မပြောချင်သေးပါဘူး။”လို့လည်း စပါးနည်းပြ မော်ရင်ဟိုက မီဒီယာတွေကို ပြောခဲ့ပါသေးတယ်။

အခြားတစ်ဖက်မှာလည်း အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက အားထားရတဲ့ အဓိက ကွင်းလယ်လူ ပါတေး ဒဏ်ရာက ပြန်လည်သက်သာလာဖို့ မျှော်လင့်နေရပါတယ်။

ပါတေးဟာ နိုဝင်ဘာလ ၈ရက်နေ့က ဗီလာကို ရှုံးခဲ့တဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် အာဆင်နယ်အတွက် ယနေ့အ ထိပါဝင်ပေးနိုင်ခြင်းမရှိထားသူပါ။

ဒါပေမယ့်လည်း စပါးနဲ့ မြောက်လန်ဒန်ဒါဘီပွဲမတိုင်မီ သတင်းကောင်းကြားနိုင်ဖို့ နည်းပြ အာတီတာ စောင့်မျှော် နေပြီး - “ သူက ကျွန်တော်တို့အတွက် ဖိအားများစေပါတယ်၊ အသင်းနဲ့ လုပ်မယ့် မနက်ဖန် လေ့ကျင့်ခန်းမှာ သူ ဘယ်‌လောက်လုပ်နိုင်မလဲဆိုတာကို ကြည့်ရပါမယ်။”လို့ အာတီတာက ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်မှာ ပါတေးနဲ့ အယ်နန်နီအတွဲ ရှိစဥ်က ရလဒ်ကောင်းတွေ ရရှိထားသော် လည်း ယခုနောက်ပိုင်းမှာတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နေပေမယ့် ပရီးမီးယားလိဂ်မှာတော့ အခြေအနေ ယိမ်းယိုင်လျက်ရှိပါတယ်။

ဒါကြောင့် လာမယ့် လန်ဒန်ဒါဘီကို လူစုံတက်စုံ ကြည့်ရမလား၊လူမစုံပဲ လျော့တိလျော့ရဲ ဖြစ်နေမလား အရင်လိုပဲ ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေဦးမလား စတာတွေကတော့စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာပါ။

Share

Loading Next Article...
က္က