အဂူရိုကတော့ သွင်းဂိုးတွေနဲ့ ဝေးကွာနေတာ ရက်ပေါင်း ၂၃၀ကျော်လာပါပြီ။

အဂူရိုကတော့ ဇွန်လ ၂၂ရက်နေ့က ဘန်လေနဲ့ပွဲမှာရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် မန်စီးတီးအသင်းအတွက် ယခုနှစ် ရာသီမှာ ၄ပွဲမျှသာ ပါဝင်ပေးထားနိုင်ပါသေးတယ်။

ယနေ့ညမှာကစားမယ့် ဖူဟမ်အသင်းနဲ့ပွဲမှာ မန်စီးတီးရဲ့ တိုက်စစ်မှူး အဂူရို ပါဝင်နိုင်ဦးမှာ မဟုတ်ပဲ ဆက်လက် လွဲချော်ပါဦးမယ်။



ဒါပေမယ့်လည်း မိမိကစားသမားအနေနဲ့ ဒဏ်ရာက ပြန်လည်သက်သာလာပါက အရင်လို အကောင်းဆုံး ခြေစွမ်း နဲ့ တစ်ကျော့ ပြန်လာနိုင်မယ်လို့ နည်းပြဖြစ်သူ ဂွါဒီယိုလာကတော့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

ဒူးဒဏ်ရာရရှိထားတာ ဖြစ်ပြီး ဒဏ်ရာက ပြန်လည်သက်သာပြီးနောက် အသင်းအတွက် ပွဲအငယ်းနည်း ပြန်ကစား ပေးနိုင်ခဲ့ပေမယ့်လည်း အနည်းငယ် ပြန်ထိသွားလို့ အနားပြန်ယူနေရသူပါ။

“ဒဏ်ရာက ပြန်သက်သာလာတဲ့အခါ သူအရင်ကလိုခြေစွမ်းမျိုးပြန်ပြန်နိုင်မှာပါ၊သူ့အသက်နဲ့ ကြံ့ခိုင်မှုကတော့ တစ်ခြားစီပါပဲ၊ သူ့အနေနဲ့ ဒဏ်ရာကို အခြားသူတွေဖြစ်တဲ့ ဖိုဒန်၊စတားလင်းတို့ထက် အချိန်ပိုယူပြီး ကုသဖို့ လို ပါတယ်။ဒါပေမယ့် သူ့အနေနဲ့ ကျွန်တော်တို့ကို ဒီရာသီမှာ တစ်ဖန် ပြန်လည်ကူညီကစားပေးနိုင်မယ်လို့ ယုံကြည် ထားပါတယ်။”လို့ ဂွါဒီယိုလာက ပြောပါတယ်။

အဂူရိုကတော့ ပြီးခဲ့တဲ့ ဇွန်လ၂၂ရက်နေ့က ဘန်လေနဲ့ပွဲမှာရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ယခုနှစ်ရာသီမှာ မန်စီးတီး အတွက် ၄ပွဲသာ ပါဝင်ပေးထားနိုင်ပါတယ်။

ယနေ့ညမှာတော့ ဖူဟမ်အသင်းကို ဧည့်ခံကစားရမှာဖြစ်ပြီး ဧည့်သည်ဖူဟမ်အသင်းကတော့ လူစုံတက်စုံနဲ့ အင် အားအပြည့်ရှိနေပါတယ်။

“ကျွန်တော်ကတော့ ဆာဂျီယိုကို အမြန်ဆုံး ပြန်ကောင်းလာစေချင်ပါပြီ။သူ့ရဲ့ ဂိုးသွင်းနိုင်တဲ့အမြင်က ပြိုင်စံရှား ပါတယ်။ သူမပါပဲ ၅လ၆လလောက် ကစားနေရတာ တော်တော်ကြာနေပါပြီ။”လို့ ဂွါဒီယိုလာက ဆက်လက် ငြီးတွားခဲ့ပါသေးတယ်။

မန်စီးတီးကတော့ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၁နေရာမှာရှိနေပြီး ရမှတ် ၁၅မှတ်ရရှိထားပါတယ်။ မနက်ဖြန်မှာ ထိပ်ဆုံးက စပါးအသင်းက အာဆင်နယ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲကစားဖို့ ရှိနေတာကြောင့် ဒီပွဲ ဟာ အမှတ်ပြည့်ရထားဖို့ အရေးကြီးတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က