မနှစ်က အသင်းကို စတင်တာဝန်ယူချိန်မှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပေမယ့် ယခုနှစ်မှာ လူအင်အားဖြည့်တင်းပြီး နောက် အနည်းငယ် အထိုင်ကျလာတဲ့အပေါ် လမ်းပတ်က လက်ကျန် ၁၈လကို ထပ်တိုး ချုပ်ဆိုဖို့ သွယ်ဝိုက် ပြော လာခဲ့တာပါ။

ချဲလ်ဆီးအသင်းရဲ့ နည်းပြ လမ်းပတ်ကတော့ လက်ရှိအသင်းမှာ ချုပ်ဆိုထားတာ စာချုပ်ထက်ကျော်လွန်ပြီး အသင်းမှာ ဆက်ရှိနေချင်တယ်လို့ သွယ်ဝိုက်ပြောလာပါတယ်။



လမ်းပတ်ဟာ မနှစ်က ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းကို စတင်တာဝန်ယူခဲ့ပြီး ယခုနှစ်ရာသီအတွက် ပေါင် သန်း ၂၂၀အကုန်ကျခံကာ အသင်းကို လူအင်အားဖြည့်တင်းခဲ့ပါတယ်။

အဆိုပါ လူစာရင်းကလည်း လက်ရှိအချိန်မှာ အသင်းအတွက် ထိရောက်မှု အနည်းနဲ့အများ ရှိလာပြီး ယနေ့ညမှာ တော့ လိဒ်နဲ့ ကစားရပါမယ်။

ပြိုင်ပွဲစုံ ၁၅ပွဲဆက်တိုက် ရှုံးပွဲမရှိ ဖြတ်သန်းလာနိုင်ခဲ့ချိန်မှာတော့ နည်းပြလမ်းပတ်ဟာအသင်းမှာ စာချုပ်သက် တမ်းတိုးချင်တဲ့ အရိပ်အယောင်တွေ ပြလာပါတယ်။

“လက်ရှိ ကျွန်တော့် စာချုပ်အရ ၁၈လကျန်ပါသေးတယ်။မနှစ်က အသင်းကို စရောက်ချိန် အသွင်ကူးပြောင်းရေး ကာလမှာ အခက်အခဲ အနည်းငယ်ရှိလာပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ အတွက်အခွင့်အရေးတွေ ရှိလာပါ ပြီ။ပြီးခဲ့တဲ့ ချဲလ်ဆီးအသင်း မန်နေဂျာတွေနဲ့ မတူတဲ့ အခြေအနေတစ်ခုမှာ ကျွန်တော်ရှိနေပါတယ်။ ပရိသတ်တွေ အနေနဲ့လည်း နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ကျွန်တော်ကတော့အသင်းနဲ့ ရေရှည် လက်တွဲနိုင်မယ်ဆိုရင် ပို မို ကောင်းမွန်စေမယ်လို့ ခံစားနေရပါတယ်။”လို့ လမ်းပတ်က ဆိုပါတယ်။

လမ်းပတ်အနေနဲ့ အသင်းကို အခုလို စာချုပ်သက်တမ်းတိုးဖို့ တောင်းဆိုနေသည့်တိုင် အသင်းပိုင်ရှင် မိုဗစ်ဟာ နည်းပြတွေ ခန့်အပ်တာ၊ဖြုတ်တာနဲ့ပတ်သက်ပြီး အမြဲတမ်း မြန်ဆန်လေ့ရှိသူတစ်ဦးဆိုတာ မမေ့ဖို့လိုပါတယ်။

နှစ်ပေါင်း ၅၀လောက် ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ပြန်ယူပေးခဲ့တဲ့ နည်းပြမော်ရင်ဟိုကို ဖြုတ်ခဲ့ တာ၊ချန်ပီယံလိဂ်ဆုဖလား ယူပေးခဲ့တဲ့ ဒီမက်တီယိုကို ဆက်လက်မခန့်ခဲ့တာတွေက သာဓကတွေပဲ ဖြစ်ပါတယ်။

လမ်းပတ်အနေနဲ့ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းကို ဆွဲတင် ပေးထားနိုင်ပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်ကို တက်ရောက်ထားနိုင်ပြီ ဖြစ်ပေမယ့် အခြေအနေတွေ ဟာ အသင်းပိုင်ရှင်ရဲ့ စိတ်ခံစားချက်တစ်ခုတည်းအပေါ်မှာသာ မှီခိုနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က