စပါးက ၂-၀နဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်ထားပါပြီ။

မော်ရင်ဟိုဟာ နည်းပြဘဝမှာ အာဆင်နယ်ကို ယနေ့ပွဲအပါအဝင် အိမ်ကွင်းနောက်ဆုံးတွေ့ဆုံထားတဲ့ ၁၁ကြိမ်မှာ လုံးဝမရှုံးထားပဲ ၇ပွဲနိုင် ၄ပွဲသရေကျထားပြီး ဒီလိုမျိုး စံချိန်ကောင်းတစ်ရပ်ကို အခြားဘယ်အသင်းပေါ်မှာမှ တင်ရှိ ထားနိုင်ခြင်း မရှိပါဘူး။

ယနေ့ည မြန်မာစံတော်ချိန် ၁၁နာရီမှာ ယှဥ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ မြောက်လန် ဒန် ဒါဘီပွဲမှာတော့ အိမ်ရှင် စပါးအသင်းက ၂-၀ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။



စပါးအတွက် အနိုင်ဂိုးတွေကိုတော့ ဆွန်ဟောင်မင်နဲ့ ကိန်းတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပြီး အပြန်အလှန်လည်း ဂိုးဖန်တီးမှုတွေ လုပ်ခဲ့ကြပါတယ်။

ဒါကြောင့် စပါးအသင်းဟာ မူလ အဆင့် ၁နေရာကို ရမှတ် ၂၄မှတ်နဲ့ ပြန်လည်တက်လှမ်းထားနိုင်ပြီ ဖြစ်ပြီး အာ ဆင်နယ်အသင်းကတော့ ရှုံးပွဲကြောင့် အဆင့် ၁၅မှာ ရပ်တည်နေရပါတယ်။

ယနေ့ပွဲအနိုင်ကြောင့်လည်း စပါးနည်းပြ မော်ရင်ဟိုဟာ သူ့နည်းပြ သက်တမ်းတစ်လျှောက် အာဆင်နယ်အသင်း ကို အိမ်ကွင်း ဧည့်ခံ ကစားတိုင်း မရှုံးဖူးတဲ့ စံချိန်ကောင်းကိုလည်း ထပ်မံ တင်ရှိထားနိုင်ပါတယ်။

မော်ရင်ဟိုဟာ အာဆင်နယ်အသင်းကို ယနေ့ပွဲအပါအဝင် အိမ်ကွင်းအဖြစ် နောက်ဆုံး ၁၁ကြိမ် လက်ခံကစားထား ရာမှာတော့ ၇ပွဲနိုင် ၄ပွဲသရေရလဒ်ကို ပိုင်ဆိုင်ထားပါပြီ။

ဒါ့အပြင် ယနေ့ပွဲမှာ အာဆင်နယ်အသင်းက ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားပြီး စပါးအသင်းကတော့ တန် ပြန်တိုက်စစ်တွေကတဆင့် ဂိုးတွေ ရရှိခဲ့တာပါ။

ပထမပိုင်း မိနစ် ၄၀နောက်ပိုင်းမှာဆိုရင် အာဆင်နယ်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၉၁ရာခိုင်နှုန်းအထိကိုယူပြီး အသာစီး ကစားသွားတာပါ။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ပွဲမှာကတည်းက မော်ရင်ဟိုအနေနဲ့ ၃မှတ်ဘယ်လိုယူပြ ရလဲဆိုတာကို ကောင်းကောင်းကြီး ပြသထားခဲ့နိုင်သလို ယခုလည်း အာဆင်နယ်အသင်းကို ၃မှတ်ဘယ်လို ယူပြ ရမလဲဆိုတာကို ထပ်မံ ပြသလိုက်တာပါပဲ။

Share

Loading Next Article...
က္က