မနေ့ညက စပါးကို ၂-၀နဲ့ ရှုံးခဲ့တာကြောင့် အဆင့် ၁၅မှာ ရပ်တည်နေပါတယ်။

အာဆင်နယ်အသင်းဟာ ၁၉၈၁-၈၂ခုနှစ် ဘောလုံးရာသီမှာ လိဂ်အစ ၁၁ပွဲတွင် ၃ပွဲသာ အနိုင်ရပြီး ၃ပွဲသရေ ၅ပွဲထိ ရှုံးထားခဲ့တာပါ။

မြောက်လန်ဒန်ဒါဘီမှာ စပါးကို ၂-၀နဲ့ အရေးနိမ့်ပြီးနောက် အာဆင်နယ်အသင်းဟာ ကလပ်အသင်း သမိုင်း တစ်လျှောက် ၁၉၈၁ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရာသီအဖွင့်ပွဲစဥ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။



အာဆင်နယ်အသင်းအနေနဲ့ ၁၁ပွဲ ကစားပြီးချိန်မှာ ၁၃မှတ်သာရထားလို့ အဆင့် ၁၅နေရာထိ ဆင်းသက်ရပ်တည် နေရပါတယ်။

ဒါ့အပြင် ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်တစ်သင်းလုံး သွင်းယူထားတဲ့ သွင်းဂိုး ၁၀ဂိုးဟာလည်း စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်သွင်းယူထားသလောက်သာ ရှိနေပါတယ်။

“ကျွန်တော့်အသင်းကို ကြည့်လိုက်ပါ၊ယုံကြည်မှုအပြည့်၊စိတ်အားထက်သန်မှုအပြည့်နဲ့ပွဲကို လွှမ်းမိုး ကစားထားနိုင် ပါတယ်။အခွင့်အရေးတွေလည်း ဖန်တီးနိုင်စွမ်းရှိပါတယ်။ဒါပေမယ့် ပွဲအပြီးမှာတော့ စပါးအသင်းဟာ ဘာလို့ ထိပ် ဆုံးမှာရပ်တည်နေလဲဆိုတာ ကွဲကွဲပြားပြား သိလိုက်ရပါတယ်။”လို့ အာဆင်နယ် နည်းပြ အာတီတာက ဆိုပါ တယ်။

အာဆင်နယ်အသင်းအနေနဲ့ ယခုနှစ်မှာ တိုက်စစ်က ဂိုးရရှိမှုနှုန်း သိသိသာသာလျော့ကျသွားခဲ့တာကလည်း အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း ခြေစွမ်း ကျဆင်းသွားတာနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

အူဘာမီယန်းဟာ ပုံမှန်ဆိုရင် တစ်ရာသီ ဂိုး ၃၀ဝန်းကျင် သွင်းယူနေကျ ကစားသမား ဖြစ်ပေမယ့်လည်း ယခုနှစ် ဘောလုံးရာသီမှာတော့ လိဂ်သွင်းဂိုး ၂ဂိုးသာ သွင်းယူထားနိုင်ဆဲ ဖြစ်ပါတယ်။

စပါးအသင်း နည်းပြ မော်ရင်ဟိုကတော့ မိမိအသင်း အနိုင်ရရှိသွားသည့်တိုင် ခက်ခဲတဲ့ ပွဲတစ်ပွဲကို ပေးစွမ်းနိုင်စွမ်း ရှိတဲ့ အာဆင်နယ်နည်းပြ အာတီတာကို ချီးကျူးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က