Eတစ်လုံး ကျန်ခဲ့တာပါ။

ကယ်လီဟာကတော့ နာမည်ထက် လက်စွမ်းကသာ အရေးကြီးကြောင်းကို နှစ်ပွဲဆက် ပေးဂိုးမရှိ စွမ်းဆောင်ပြ ပြီး သက်သေထူလိုက်ပါပြီ။

ဝုလ်အသင်းကို ၄-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက်ပါဝင်ခဲ့တဲ့ လီဗာပူး လူငယ်ဂိုးသမားလေး ကယ်လီဟာကတော့ နောက်ထပ် လက်စွမ်းပြ ခဲ့ပါပြီ။



ပြီးခဲ့တဲ့အေဂျက်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ပေးဂိုးမရှိ ကစားထားနိုင်ခဲ့သလို အကောင်းဆုံး ကာကွယ်မှု တွေကိုလည်း ပြုလုပ်ခဲ့တာကြောင့် အများရဲ့ ချီးကျူးခြင်းကို ခံနေရသူပါ။

ဒီအချိန်မှာတော့ အများရဲ့ သတိထားစောင့်ကြည့်ခြင်းကို ခံနေရတာဟာ နေရာတိုင်းအတွက် မကောင်းတာကို ပြသနေခဲ့ပါတယ်။

ပထမပိုင်းမှာ ကယ်လီဟာ ဝတ်ထားတဲ့ ဂိုးဂျာစီမှာ နာမည် စာလုံးပေါင်းထားတာဟာ “KELLHER”ဆိုပြီး ဖြစ်နေ ပါတယ်။

ကယ်လီဟာရဲ့ နာမည်စာလုံးပေါင်းအမှန်က - “KELLEHER”ဖြစ်လို့ ဒုတိယပိုင်းမှာတော့ တာဝန်ရှိသူတွေက စာလုံးပေါင်းအမှန် တပ်ဆင်ထားတဲ့ ဂျာစီကို ပြောင်းလဲ ဝတ်ဆင်စေခဲ့တာပါ။

ကယ်လီဟာအတွက်တော့ နာမည်က အရေးမကြီးပဲ လက်စွမ်းကသာ အရေးကြီးတယ်ဆိုတာကိုလည်း ဒီနေ့ပွဲမှာ ထပ်မံ ပြသနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ လီဗာပူး အဓိက ဂိုးသမား အယ်လီဆန်ဒဏ်ရာရနေလို့ နည်းပြကလော့ပ်က ကယ်လီဟာကို ဒုတိယ ဂိုးသမား အန်ဒရီယန်ထက်ကျော်လွန်ပြီး အသုံးပြုနေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က