ပါးတေးရဲ့ ပေါင်ခြံဒဏ်ရာဟောင်းပြန်ထိသွားခဲ့ဟန်ရှိပါတယ်။

စပါးအသင်းဖက်ကို ဒုတိယဂိုးပေးလိုက်ရချိန်မှာ ကွင်းလယ်လူ ပါတေး ဒဏ်ရာကြောင့် ကွင်းပြင်ပထွက်နေရပြီး ဘောလုံးကို ပြန်လည် ဖျက်ထုတ်ဖို့ ကြိုးစားရာမှာ အလျင်မမီတော့တာကြောင့် ပေးလိုက်ရခြင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက စပါးအသင်းကို ၂-၀နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ ပထမပိုင်းအပြီးမှာတော့ အသင်းရဲ့ အဓိက အားထား ရတဲ့ ကွင်းလယ်လူ သောမတ်စ်ပါတေး ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။



ပါ‌တေးဟာ အက်စတန်ဗီလာနဲ့ပွဲမှာရရှိခဲ့တဲ့ ပေါင်ခြံ ဒဏ်ရာကြောင့် အနားယူနေရခဲ့ရရာမှ မနေ့က လန်ဒန်ဒါဘီပွဲ မှာ ပထမဆုံး အသင်းအတွက် ပြန်လည်ပွဲထွက် ပါဝင်နိုင်ခဲ့သူပါ။

ဒါပေမယ့်လည်း ပထမပိုင်း ပြီးဆုံးခါနီး စပါးအသင်းရဲ့ ဒုတိယဂိုး သွင်းယူခါနီး အချိန်မှာတော့ ပါတေးဟာ ဒဏ်ရာ ကြောင့် ဘောလုံးကို လိုက်လံ ဖျက်ထုတ်နိုင်ခဲ့ခြင်း မရှိတော့ပဲ ကွင်းပြင်ပကို ထွက်ခွာလာခဲ့ပါတယ်။

ဒီအပေါ်မှာ နည်းပြ အာတီတာက စီဘယ်လော့စ်နဲ့ အရေးပေါ်လူစားလဲခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းက တော့ စပါးအသင်းကို ဒုတိယမြောက် ဦးဆောင်ဂိုး ပေးလိုက်ရနှင့်ပြီးပါပြီ။

ပွဲအပြီးမှာတော့ အာဆင်နယ်အသင်းက ၂-၀နဲ့ အရေးနိမ့်ခဲ့ပြီး ပါတေးရဲ့ ဒဏ်ရာကိုလည်း MRIပြန်လည်ရိုက်ပြီး ကုသမှု ပေးရတော့မယ်လို့ နည်းပြ အာတီတာက အတည်ပြုပေးခဲ့ပါတယ်။

“ပထမဂိုးကတော့ တကယ့်ကို ကမ္ဘာ့အဆင့်မီသွင်းဂိုးတစ်ဂိုးဆိုပေမယ့် ဒုတိယဂိုးကတော့ ကျွန်တော်တို့ တစ်ယောက်လျော့နည်းနေချိန်မှာ သွင်းသွားတာပါ။ဒါကိုသူတို့ အခွင့်အကောင်းရယူသွားနိုင်ခဲ့တာပါ။ပါတေးက တော့ ဒဏ်ရာဟောင်းပြန်ထိသွားတာ ဖြစ်ပြီး MRIရိုက်ပြီး စစ်ဆေးမှု ပြုလုပ်သွားရပါမယ်။”လို့ အာတီတာက ဆိုပါ တယ်။

အာဆင်နယ်အသင်းကတော့ လက်ရှိအချိန်မှာ ရှုံးပွဲတွေ ဆက်တိုက်ကြုံနေရပြီး ပရီးမီးယားလိဂ် ၁၁ပွဲကစားပြီးချိန် ၁၃မှတ်သာရထားလို့ အဆင့် ၁၅မှာ ဆင်းသက်ရပ်တည်နေရပါတယ်

ဆက်စပ်အကြောင်းအရာများ

Share

က္က