နှစ်ဦးပေါင်းပြီး သွင်းဂိုးက ၁၂ဂိုးထိရှိပါပြီ။

ဆွန်နဲ့ကိန်း နှစ်ဦးပေါင်းသွင်းဂိုးဟာ ၁၂ဂိုးထိရှိလာခဲ့ပြီ ဖြစ်သလို ဆွန်တစ်ဦးတည်းကလည်း လိဂ်သွင်းဂိုး ၁၀ဂိုးထိသွင်းယူပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦး အဖြစ် ရှိနေပါတယ်။

ဆွန်ဟောင်မင်နဲ့ ကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့စပါးအသင်းဟာ လန်ဒန်မြို့ခံပြိုင်ဖက် အာဆင်နယ်အသင်းကို ၂-၀ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။



ဆွန်နဲ့ကိန်းဟာ တစ်ဂိုးစီသွင်းယူခဲ့ကြသလို တစ်ဦးဂိုးသွင်းနိုင်ဖို့လည်း တစ်ဦးက ဖန်တီးပေးခဲ့ကြတာချင်းလည်း အ တူတူပဲ ဖြစ်ပါတယ်။

လက်ရှိမှာာ သူတို့နှစ်ဦးပေါင်း ရရှိတဲ့သွင်းဂိုးဟာလည်း ၁၂ဂိုးထိရှိလာခဲ့ပြီ ဖြစ်လို့ စပါးအသင်းနည်းပြ မော်ရင်ဟိုက တော့ သူတို့နှစ်ဦးကို ချီးကျူးမဆုံး ဖြစ်နေပါတယ်။

“သူတို့ အလုပ်လုပ်ပုံက တိရိစ္ဆာန်တွေနဲ့တူပါတယ်၊ကျွန်တော် ဒီလိုပြောပေမယ့် တိရိစ္ဆာန်တွေကို ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်။ချစ်လည်းချစ်ပါတယ်။ကျွန်တော့်ကိုတော့ မှားနေပြီလို့ မထင်ပါနဲ့၊ပြောချင်တာက တော့ ဘောလုံး မရှိတဲ့အချိန်မှာ သူတို့ရဲ့ လှုပ်ရှားနေရာယူမှုတွေက အံ့အားသင့်ဖို့ ကောင်းပါတယ်။”လို့ ဆိုခဲ့ပါ တယ်။

ဆက်လက်ပြီးတော့လည်း - “ ၁၈ကိုက်စည်းထဲမှာ ကိန်းရဲ့ ဘောလုံးထိန်းသိမ်းနိုင်မှုတွေ၊ မိနစ် ၆၀အထိ တောင်ပံမှာ ဆွန်ရဲ့ ပြေးလွှား ကစားနိုင်မှုတွေ၊အခုပြောနေတာတွေက သွင်းဂိုးတွေကြောင့်လည်း မဟုတ်သလို သူတို့ ကမ္ဘာအဆင့်မီ ကစားသမား ဖြစ်ခြင်းနဲ့လည်း မဆိုင်ပါဘူး။ အသင်းအတွက် ပေးဆပ်ကစားနိုင်တဲ့ ပရော် ဖက်ရှင်နယ် ကစားသမားတွေပါပဲ။”လို့ မော်ရင်ဟိုက ဆက်လက်ဆိုပါတယ်။

စပါးအသင်းကတော့ ဆွန်နဲ့ ကိန်းတို့ရဲ့ ဂိုးတွေကြောင့် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပြီဖြစ်ကာ ယခုနှစ် မှာလည်း အသင်းကြီးတွေနဲ့ တွေ့ဆုံထားရာမှာ ချဲလ်ဆီးအသင်းကို ဂိုးမရှိသရေ၊ယူနိုက်တက်ကို ၆-၁၊မန်စီးတီးကို ၂-၀နဲ့ အနိုင်ရပြီး ယခု အာဆင်နယ်ကိုလည်း ၂-၀နဲ့ အနိုင်ခဲ့တာပါ။

Share

Loading Next Article...
က္က