မန်စီးတီးကို နိုင်ရင်တော့ ထိပ်ဆုံးက စပါးနဲ့ ၂မှတ်ထိ ကပ်နိုင်ပါမယ်။

မန်စီးတီးနဲ့ ကစားမယ့် မန်ချက်စတာဒါဘီပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပြီး တစ်ပွဲချင်းစီကနေ ပွဲတိုင်းနိုင်လာရင် ချန်ပီယံဖြစ်နိုင်တယ်လို့ ဆိုးလ်ရှားက ဆိုခဲ့ပါတယ်။

မိမိတို့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ပါတယ်လို့ နည်း ပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောလာပါတယ်။



ယနေ့ညမှာကစားမယ့် မန်စီးတီးအသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲမတိုင်ခင် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ တာပါ။

ဒါပေမယ့်လည်း ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာစပါးကို ၆-၁ဂိုး၊အာဆင်နယ်ကို အိမ်ကွင်းမှာ ၀-၁၊ပဲလေ့စ်ကိုလည်း ရှုံးနိမ့်ထားတာတွေကြောင့် ပြောစကားနဲ့ လုပ်ရပ် မကိုက်ညီသလို ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း ယနေ့ညမှာ ရင်ဆိုင်ရမယ့် မန်စီးတီးအသင်းကိုသာ အနိုင်ရခဲ့ပါက ထိပ်ဆုံးမှ ပြေးနေတဲ့ စပါး အသင်းနဲ့ ၂မှတ်သာ ကွာဟတော့မှာကြောင့်လည်း ဆိုးလ်ရှားရဲ့ ပြောစကားဟာ လက်ခံစရာ ဖြစ်နေပြန်ပါတယ်။

အစပိုင်းမှာ တာထွက်မကောင်းပေမယ့်လည်း ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ပွဲ အနိုင်ရထားပါတယ်။

“ယူနိုက်တက်မှာဆိုရင် ဆုဖလားအတွက် အမြဲတမ်း ရည်စူးနေလို့ရပါတယ်၊ပြီးခဲ့တဲ့ ၃ရာသီလောက်မှာတော့ အ သင်းနှစ်သင်းတည်းက ရှေ့ဆုံးမှာ ဦးဆောင်နေခဲ့ပါတယ်။ဒါပေမယ့် ကျွန်တော် ကိုယ့်ကိုယ်ကို ယုံကြည်မှုရလာပါ တယ်။တစ်ပွဲချင်းစီ အနိုင်ရဖို့ ကြိုးစားပြီး ပွဲတိုင်းနိုင်မယ်ဆိုရင် ရာသီအကုန်မှာ ဆုဖလားနဲ့ ပွဲသိမ်းနိုင်မှာပါ။”လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့အပတ်ကမှ လိုက်ပ်ဇစ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်က ထွက်ခဲ့ရပါတယ်။

အဆိုပါပွဲမှာ နည်းပြ ဆိုးလ်ရှားရဲ့ ပွဲထုတ်ပုံကိုလည်း ယူနိုက်တက် ကစားသမားဟောင်းတွေက ရှေးရိုးစွဲလွန်းတယ် လို့ ဝေဖန်နေကြပါတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းကတော့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၇နေရာမှာ ရှိနေပြီး ယူရိုပါ လိဂ် ၃၂သင်းအဆင့် ကစားဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က