ဂိုးမရှိသရေပွဲ ဖြစ်သွားပါတယ်။

ယူနိုက်တက်က ပင်နယ်တီပြစ်ဒဏ်ဘောရလိုက်သေးပေမယ့်လည်း ဘောလုံးလက်မခံခင်ကတည်းက ရက်ရှ်ဖို့ဒ် လူကျွံနေ လို့ ပင်နယ်တီကန်ရမယ့် အခွင့်အရေးတစ်ခုနဲ့ ဘရူနို လွဲချော်ခဲ့တယ်လို့ ဆိုရမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ကွင်းဧည့်ခံ ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဥ်ကတော့ ဂိုးမရှိ သရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။



ယူနိုက်တက်အသင်းအနေနဲ့ ပထမပိုင်းမှာ ဂိုးကန်သွင်းခွင့်အနည်းငယ်အသာရခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ မန်စီး တီးက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပိုမို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းကတော့ တန်ပြန်တိုက်စစ်ကိုသာ ပြန်လည်ချောင်းမြောင်း ကစားနေခဲ့ပြီး ဒုတိယပိုင်းပြန်လည်စတင် လို့မကြာသေးဘူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကြောင့် ပင်နယ်တီရခဲ့ပါတယ်။

ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်လူကြီးက VARပြန်ကြည့်ခဲ့ရာမှာတော့ ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးလက်မခံခင် ကတည်းက လူကျွံနေခဲ့တာ ထင်ရှားလို့ ပင်နယ်တီ အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။

ဘရူနိုဖာနန်ဒက်စ်လည်း နောက်ထပ် ပင်နယ်တီ တစ်လုံးကန်ခွင့်ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တယ်လို့ ဆိုရမှာပါ။

မန်စီးတီးကတော့ အဓိက တိုက်စစ်မှူး အဂူရို မပါဝင်နိုင်ဘူးလို့ နည်းပြ ပတ်ပြောထားတဲ့အတိုင်း လူစာရင်းမှာပင် မပါပဲ တိုက်စစ်ကို ဂျီးဆပ်က ဦးဆောင်ခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှု အသာရပြီး ဂိုးသွင်းခွင့်တွေ ကြုံပေမယ့်လည်း ထိထိရောက်ရောက် ကန်သွင်းနိုင်ခြင်းမရှိလို့ ဂိုးသမား ဒီဂီယာလည်း သက်စွန့်ဆံဖျားမဖမ်းရသလောက်ပါပဲ။

ဒီနေ့ပွဲမှာ သရေကျသွားလို့ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်ထိ အသင်းကြီးတွေနဲ့ တွေ့ဆုံထားရာမှာ လိဂ်နိုင်ပွဲ လုံးဝ မရထားသေးပါဘူး။

ဒါ့အပြင် ထိပ်သီး အသင်းတွေနဲ့ ပွဲတွေအားလုံးဟာ အိမ်ကွင်းအရင်ကစားထားရတာ ဖြစ်ပြီး အာဆင်နယ်ကို ၀-၁၊ချဲလ်ဆီး ကို ၀-၀၊စပါးကို ၁-၆၊မန်စီးတီးကို ၀-၀ စတဲ့ ရလဒ်တွေသာ ပိုင်ဆိုင်ထားပါတယ်။

မန်စီးတီးအသင်းကတော့ မနှစ်က ယူနိုက်တက်ကို လိဂ် ၂ကျော့စလုံးအရေးနိမ့်ခဲ့တဲ့ ရလဒ်ဆိုးကို မချေဖျက်နိုင်ခဲ့သလို အဝေးကွင်းရောက်ရင် အသင်းကြီးတွေကို အနိုင်ယူနိုင်စွမ်းပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က