အေးဂျင့်က ပေါ့ဂ်ဘာ အသင်းပြောင်းမယ်လို့ ပြောထားတာ ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်က အေးဂျင့်ရွိုင်အိုလာက သူအသင်းမှာ မပျော်ပဲ အသင်းသစ်ရှာမယ်လို့ ပြောထားတာရှိတာကြောင့် ပရိ သတ်တွေက ပေါ့ဂ်ဘာနဲ့ယူနိုက်တက်ရဲ့ အနာဂတ်ကို စိတ်ဝင်စားနေကြပြီး ဒီအချိန်မှာ ပေါ့ဂ်ဘာက မန်ချက်စတာဒါဘီပွဲအ ပြီးအခုလို ရှင်းလင်းပြောလာပါတယ်။

ယူနိုက်တက်နဲ့ သူ့အကြားမှာ ၁၀၀၀ရာခိုင်နှုန်းအထိကို အားလုံး ရှင်းရှင်းလင်းလင်း ပါပဲလို့ ကွင်းလယ်လူ ပေါ့ဂ်ဘာက ထုတ်ဖော်ပြောလာပါတယ်။



ပြီးခဲ့တဲ့ အပတ်ကမှ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက သူ့ကစာသမားအနေနဲ့ ယူနိုက်တက်မှာ မပျော်မရွှင် ဖြစ်နေပြီး အသင်းပြောင်းဖို့ လုပ်နေပြီလို့လည်း ပြောထားတာ ရှိပါသေးတယ်။

ပေါ့ဂ်ဘာကတော့ မနေ့က ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာ မိနစ် ၉၀ထိ ပါဝင်ကစားပေးခဲ့ကာ သူ့ရဲ့ ခြောက်ပွဲမြောက် လိဂ်ပွဲထွက် ပါဝင်ကစားခဲ့တာလည်း ဖြစ်ပါတယ်။

“ယူနိုက်တက်အတွက် အမြဲတမ်း ကျွန်တော် တိုက်ပွဲဝင်ခဲ့ပါတယ်။ လျှောက်ပြောနေတာတွေက အရေးမကြီးပါဘူး၊အနာ ဂတ်ကတော့ ဝေးပါသေးတယ်။ဒါဘီပွဲမှာဆိုရင်လည်း ကျွန်တော်ဟာ အသင်းအတွက် ၁၀၀၀ ရာခိုင်နှုန်းလောက်အထိ ပါဝင်ပတ်သက်ခဲ့တာပါ။ ကလပ်နဲ့ကျွန်တော်အကြားက ရှင်းလင်းနေတာတွေကိုတော့ အပြောင်းလဲနိုင်ပါဘူး။”လို့ ပေါ့ဂ် ဘာကပြောပါတယ်။

ဒါ့အပြင် အတွင်းရေးအကြောင်း ဘာမှ မသိပဲနဲ့ လျှောက်မပြောကြပါနဲ့လို့လည်း ပေါ့ဂ်ဘာက သူ့ရဲ့ တွစ်တာမှာ ရေးသား ဖော်ပြခဲ့ပါသေးတယ်။

ပေါ့ဂ်ဘာနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ၂၀၂၂ခုနှစ်အကုန်မှ ပြည့်မှာ ဖြစ်ပြီး ၁၇၂ပွဲကစားပေး ထားကာ ၃၅ဂိုးသွင်းယူပေးထားတဲ့ ကွင်းလယ်လူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က