အနည်းဆုံး နှစ်လခန့် အနားယူရဖို့ ရှိနေပါတယ်။

မစ်ဂျ်လန်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဥ်မှာ ဒူးဒဏ်ရာကိုရရှိခဲ့တာ ဖြစ်ပြီး ဒီပွဲဟာ ၁၆သင်းအဆင့်တက်လှမ်းဖို့ နိုင်နိုင် ရှုံးရှုံး အရေးမပါတော့တဲ့ပွဲမှာ အခုလို အဓိက ကစားသမားတစ်ဦး ဒဏ်ရာရသွားတာကတော့ ကလော့ပ်အတွက် နစ် နာစရာ ဖြစ်ခဲ့ပါတယ်။

ဒူးဒဏ်ရာကြောင့် အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ဒီအိုဂို ဂျိုတာ အနည်းဆုံး ၂လခန့် အနားယူရတော့မယ်လို့ သိရပါတယ်။



ဂျိုတာအနေနဲ့ ပြီးခဲ့တဲ့ မစ်ဂျ်လန်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဥ်မှာ၈၇မိနစ်အထိ ပါဝင်ကစားခဲ့ပြီး အဆိုပါပွဲမှာပဲ ဒူးဒဏ်ရာကို ရရှိခဲ့တာပါ။

ဂျိုတာအနေနဲ့ ဒီဒဏ်ရာကြောင့် အနည်းဆုံး ဖေဖော်ဝါရီလမတိုင်ခင်အထိ အနားယူရနိုင်တယ်လို့ ပေါ်တူဂီ သတင်း ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်တဲ့ Record က ဖော်ပြလာပါတယ်။

ဂျိုတာကတော့ ယခုနှစ်မှာမှ ဝုလ်ကနေပေါင် ၄၁သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ခေါ်ယူတုန်းကတော့ ဆာလာ၊မာနေး၊ဖာမီ နိုတို့အတွက် အားဖြည့်ခေါ်ယူခဲ့တာ ဖြစ်ပြီး လက်တွေ့မှာတော့ ဂျိုတာက အသင်းရဲ့ တိုက်စစ်တော်တော်များများကို ဦး ဆောင်ကစားပေးနေသူ ဖြစ်ပါတယ်။

ပြိုင်ပွဲစုံ ၁၇ပွဲမှာလည်း အသင်းအတွက် ၉ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး မျှော်လင့်ထားတာထက်ကို အသင်းအတွက်ပိုမို ကစားပေးထားနိုင်တာလို့ဆိုရမှာပါ။

ဂျိုတာကို လက်လွှတ်ရတာကတော့ လီဗာပူး နည်းပြ က‌လော့ပ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာတော့မှာ ဖြစ်ပြီး လာမယ့် ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလမှာ ပွဲကြပ်ကာလတွေကို လူအင်အား နည်းနည်းလေးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒီကာလမှာလည်း လီဗာပူးဟာ ပြည်တွင်း အင်အားကြီး အသင်းတွေ ဖြစ်တဲ့ စပါး၊ယူနိုက်တက်၊မန်စီးတီး စတဲ့ အသင်းတွေ နဲ့ ကစားဖို့ ရှိနေလို့ ဒီပွဲတွေကို ဂျိုတာ လွဲချော်ပါတော့မယ်။

နည်းပြကြီး ကလော့ပ်ကိုယ်တိုင်ကလည်း ဖူဟမ်နဲ့ပွဲအတွက် သတင်းစာရှင်းလင်းပွဲမှာ - “စီမီကတ်ရှက်နဲ့ ဂျိုတာတို့ကို စောင့်ကြည့်ရပါမယ်။ချိန်ဘာလိန်ပုံမှန်လေ့ကျင့်ခန်း ပြန်ရပါပြီ။သူ့ရဲ့ ကြံ့ခိုင်မှု ဘယ်လောက်ရနေပြီလဲဆိုတာနဲ့ အခြေ အနေတွေကို စောင့်ကြည့်ရပါမယ်။”လို့ ကလော့ပ်က ဆိုထားပါသေးတဘ်။

လက်ရှိအချိန်မှာတော့ လီဗာပူး ဆေးရုံမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ဂျိုးစ်ဂိုမက်ဇ်၊သီယာဂိုလ်၊ဂျိမ်းစ်မီလ်နာ၊ ရှာကွီရီတို့ ရှိနေပြီး ပြီးခဲ့တဲ့ နှစ်ပတ်က အနားယူနေရတဲ့ ဂိုးသမား အယ်လီဆန်ကတော့ ယနေ့ပွဲမှာ ပါဝင်လာဖို့ ရှိနေပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က