အိုလ်ဇေးနဲ့ အာဆင်နယ်အသင်းရဲ့ စာချုပ်က ရာသီအကုန်မှာ ပြီးဆုံးမှာပါ။

အိုလ်ဇေးကတော့ မတ်လကတည်းက အာဆင်နယ်အသင်းအတွက် မပါဝင်နိုင်တော့သလို ယခုနှစ်အတွက် ပရီးမီးယား လိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ လူစာရင်းမှာလည်း ထည့်သွင်းခြင်း မခံထားရပေ။

လာမယ့် ဇန်နဝါရီလလောက်မှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ အိုလ်ဇေးကို အသင်းနဲ့ ပြန်လည် ပူးပေါင်း နိုင်ရေး နည်းပြချုပ်အာတီတာကတော့လမ်းစဖွင့်လိုက်ပါပြီ။



အိုလ်ဇေးကတော့ အာဆင်နယ်အသင်းလူစာရင်းကနေ မတ်လကတည်းက မပါဝင်ထားတာ ဖြစ်သလို ဂျာမနီ လက်ရွေးစင် အသင်းအတွက်လည်း ကစားပေးခွင့်မရတော့သူပါ။

ယခုနှစ် အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် လူစာရင်းမှာလည်း ပါဝင်လာခြင်း မရှိပဲ ယခုအခါမှာတော့ နည်းပြအာတီတာက အိုလ်ဇေးကို ပြန်သုံးဖို့ စကားစလာခဲ့တာပါ။

အိုလ်ဇေးအနေနဲ့ အသင်းနဲ့ မပူးပေါင်းနိုင်တာကြောင့် လူငယ်အသင်းနဲ့ လေ့ကျင့်ရေးလုပ်နေပြီး ပြီးခဲ့တဲ့ကိုဗစ်ကာလအ တွင်းကတော့ အာဆင်နယ်အသင်းရဲ့ လာဘ်ကောင်လေး ဂန်းနားဆောရက်စ်ကို အသင်းက လစာမပေးနိုင်တော့လို့ အလုပ်ထုတ်လိုက်တာကို သူ့လစာထဲက အစားထိုး ပေးသွင်းပြီး ကယ်တင်ထားပါသေးတယ်။

အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရလည်း ယခုနှစ်ရာသီကုန်ရင် ပြည့်မှာ ဖြစ်ပြီး ဒီအချိန်မှာတော့ အာတီတာက စကား စလာပါပြီ။

“အခုတော့သူလူစာရင်းထဲ ရှိမနေပါဘူး၊လက်ရှိအသင်းမှာ ရှိနေတဲ့ ကစားသမားတွေအကြောင်းပဲ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာတော့ ဘာပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ဆုံးဖြတ်ရပါလိမ့်မယ်။”လို့ အာတီတာက ပြောခဲ့ပါတယ်။

ဒါ့အပြင် အိုလ်ဇေးလို ကစားသမားမျိုးကို ထိန်းချုပ်ဖို့ မခက်တဲ့ အကြောင်းကိုလည်း နည်းပြဟောင်း အာစင်ဝင်းဂါးက ထောက်ပြ အကြံပြုထားပါသေးတယ်။

“သူက ထိန်းချုပ်ဖို့ မခက်ပါဘူး၊ပရိသတ်တွေ အလိုရှိနေတဲ့ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ အနုပညာရှင်လိုပါပဲ၊ဒါကြောင့် ပိုပြီးတော့ အထိအခိုက် မခံနိုင်ပါဘူး။”လို့ အာစင်ဝင်းဂါးက ပြောခဲ့ပြီး အိုလ်ဇေးနဲ့ ပတ်သက် ပြီး အကြံပြုပေးချင်ကြောင်းလည်း ဝင်းဂါးက အာတီတာကို အကြံပေးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဒဏ်ရာရ ကစားသမားတွေ များများစားစားမရှိပါပဲနဲ့ ခြေစွမ်းပိုင်း သိသိသာသာကျဆင်းကာ အမှတ်ပေးဇယားအဆင့် ၁၅မှာ ရောက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က