ယခုကြားရက်မှာ လီဗာပူးပွဲတစ်ပွဲတည်းသာ ပရိသတ် ရှိပါမယ်။

ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့က စတင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဥ်တွေမှာ မူလ ပရိသတ် ၂၀၀၀ ဝင်ခွင့်ပြုထားရာမှ ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်မြင့်တက်နေလို့ ကွင်းပိတ် ကစားရတော့မယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့က စတင်ပြီး အင်္ဂလန်မှာရှိတဲ့ ပရိသတ်ကြည့်ရှုနိုင်တဲ့ ပြိုင်ပွဲတွေကို အဆင့် သတ်မှတ်ချက်တွေ သတ်မှတ်ပြီး အများဆုံး ပရိသတ် ၂၀၀၀အထိ ဝင်ခွင့်ပြုထားရာမှာ လန်ဒန်ကလပ်တွေက ပထမဦးဆုံး ပရိသတ် ပြန်လည် လက်ခံခွင့်ရှိထားတာပါ။



ဒါပေမယ့်လည်း လန်ဒန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေလို့ ယခုတစ်ပတ်အတွင်း ကစားမယ့် ဝက်စ်ဟမ်းနဲ့ ပဲလေ့စ်၊အာဆင်နယ်နဲ့ဆောက်သမ်တန်၊ဖူဟမ်နဲ့ ဘရိုက်တန် စတဲ့ ပွဲတွေမှာ ပရိသတ်ဝင်ခွင့်မပြုတော့ပဲ ကွင်းပိတ် ပြန် လည်ကစားစေမှာပါ။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး - “ကျွန်ုပ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်တွေကို ပရိသတ်တွေ ပြန်လည်ဝင်ရောက်ကြည့်ရှုခွင့် အချိန်အကြာကြီး မပေးနိုင်ပဲ အခုလို ကွင်းပိတ်ပြန်ကစားလိုက်တဲ့အပေါ်စိတ်ပျက်မိပါတယ်။”လို့ အာဆင်နယ်အသင်းက ထုတ်ပြန်လာပါတယ်။

ဒါပေမယ့်လည်း လီဗာပူးနဲ့စပါးအသင်းတို့ ယှဥ်ပြိုင်ကစားကြမယ့် ပွဲစဥ်မှာတော့ ပရိသတ် ဝင်ရောက်ကြည့်ရှုခွင့်ပြုမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အဆင့် သတ်မှတ်ချက် ၂အတွင်းဝင်နေတဲ့ ဘောလုံးကွင်းတွေက လီဗာပူး၊အဲဗာတန်ဘရိုက်တန်နဲ့ ‌ဆောက် သမ်တန်တို့ ဖြစ်ပြီး ယခုကြားရက်မှာ လီဗာပူးတစ်သင်းတည်းသာ အိမ်ကွင်းကစားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က